ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၈၀၀၀ ဝန်းကျင်ကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်နေ

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၂၈၀၀၀ ဝန်းကျင်ကျဆင်းပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်နေ
Published 5 December 2017

ဒီဇင်ဘာ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေး  ၁၂၇၃ ဒေါ်လာအထိပြန်ကျခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်း ကျပ် ၉၂၈၀၀၀ ဝန်းကျင်အထိကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာတတိယပတ်တွင် ဒေါ်လာ ၁၃၀၀ အထက်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာ ၁၂၆၀ အထက် နှင့် ၁၂၇၀ အထက်တွင် တက်လိုက်ကျလိုက် ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၃ ရက်တွင် ၁၂၆၆ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ၁၂၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာလအတွင်း ဈေးနှုန်းများသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက အတက်အကျနည်းပါးခဲ့ပြီး ဒေါ်လာ ၃၀ သာဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလဆန်းတွင်လည်း ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၄ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၃ ပွိုင့်အထက် ပြန်ရောက်နေပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။ ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ၁၃၅၆-၁၃၅၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ၁၃၅၉ ကျပ် အထိမြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၄ ရက်အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

Most Read

Most Recent