ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်း ထပ်မံရောင်းချခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချထား

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်း ထပ်မံရောင်းချခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချထား
Published 16 March 2024

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းထပ်မံရောင်းချခဲ့ပြီး တစ်ပတ်အတွင်း ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်း၊ မတ် ၁၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင်  ထိုင်းဘတ် သန်း ၅၀ ရောင်းချထားသည်။

ဗဟိုဘဏ်အနေဖြင့် မတ် ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား Online Trading Platform မှ တစ်ဆင့် တရုတ်ယွမ် ခုနစ်သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊မတ်  ၄ ရက်က နိုင်ငံ ခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်းနှင့်ဘတ် သန်း၂၀၀၊ ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၀ သန်း ထပ်မံရောင်းချခဲ့သည်။ ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံခြား ငွေကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း၂၀၀၊ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံခြား ငွေကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ၊ ဖေဖော်ဝါရီ ၁၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ဖေဖော်ဝါရီ ၁၄ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေးစျေးကွက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်း၊ဖေဖော်ဝါရီ ၈ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၅ ရက်က နိုင် ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀  ဗဟိုဘဏ်က ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀ ကို ဖေဖော်ဝါရီ ၂ ရက် က ရောင်းချပေးခဲ့သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာကိုးသန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ကိုးသန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ  ၅ သန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချ ခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်တွင် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်    ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်    ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့် ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသ မ ၄၃ သန်းရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းစျေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ငွေကြေးမူဝါဒကို အကောင်အထည်အထည်ဖော်ဆောင်ရွက်ရာတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၄၀(ခ)၊(ဂ)နှင့်(ဃ)တို့အရ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့အား နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Exporter နှင့် Importer တို့ စိတ်ကြိုက်စျေးဖြင့် ပြင်ပတွင် ရောင်းဝယ်ခြင်းကြောင့် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် Importer များအနေဖြင့် စျေးကွက်တွင် ရောင်းချနိုင်သည့်ပမာဏကို မသိရှိနိုင်ခြင်းတို့ကြောင့်  တရားဝင်ရောင်းချနိုင်မည့် Platform များကို Importer များမှ တောင်းဆိုခဲ့သဖြင့်လည်းကောင်း၊ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေ ဝယ်လိုအား(Demand) နှင့်ရောင်းလိုအား (Supply) မျှတမှုရှိစေရန်အတွက် လည်းကောင်း၊ Online Trading Platform အား

ဗဟိုဘဏ်ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီး စျေးကွက်၏လိုအပ်ချက်အရ အမေရိကန်ဒေါ်လာ၊ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့အား ဝင်ရောက်ရောင်းချပေးခြင်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှစတင်ဆောင်ရွက်ခဲ့သည်။

 

Most Read

Most Recent