တရားမဝင် ကုန်သွယ်မှုတွင် တရုတ်နှင့်ထိုင်းက ၉၇ ရာခိုင်နှုန်းခန့် နေရာယူထားပြီး သွင်းကုန်ကွာခြားချက် ဒေါ်လာ ၅၃၃၉ သန်း၊ ပို့ကုန်ကွာခြားချက်တွင် ဒေါ်လာ ၁၀၉၇၅ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှု ကဏ္ဍ၌် ဒေါ်လာ ၇၃၁၆ သန်း ကွာဟနေကာ မှောင်ခိုကုန်သွယ်မှုကြောင့် နိုင်ငံ့အတွက် . . .

တရားမဝင် ကုန်သွယ်မှုတွင် တရုတ်နှင့်ထိုင်းက ၉၇ ရာခိုင်နှုန်းခန့် နေရာယူထားပြီး သွင်းကုန်ကွာခြားချက် ဒေါ်လာ ၅၃၃၉ သန်း၊ ပို့ကုန်ကွာခြားချက်တွင် ဒေါ်လာ ၁၀၉၇၅ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှု ကဏ္ဍ၌် ဒေါ်လာ ၇၃၁၆ သန်း ကွာဟနေကာ မှောင်ခိုကုန်သွယ်မှုကြောင့် နိုင်ငံ့အတွက် . . .
Published 30 July 2017

တရားမဝင် ကုန်သွယ်မှုတွင် တရုတ်နှင့်ထိုင်းက ၉၇ ရာခိုင်နှုန်းခန့် နေရာယူထားပြီး သွင်းကုန်ကွာခြားချက် ဒေါ်လာ ၅၃၃၉ သန်း၊ ပို့ကုန်ကွာခြားချက်တွင် ဒေါ်လာ ၁၀၉၇၅ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှု ကဏ္ဍ၌် ဒေါ်လာ ၇၃၁၆ သန်း ကွာဟနေကာ မှောင်ခိုကုန်သွယ်မှုကြောင့် နိုင်ငံ့အတွက် တစ်နှစ် ဒေါ်လာ တစ်ဘီလျံကျော် နစ်နာနေ

တရားမဝင်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံက ၉၇ ရာခိုင်နှုန်းခန့် နေရာယူထားပြီး မှောင်ခိုကုန်သွယ်မှု စာရင်းအချက်အလက်များအရ သွင်းကုန်ကွာခြားချက် ဒေါ်လာ ၅၃၃၉ သန်း၊ ပို့ကုန်ကွာခြားချက်တွင် ဒေါ်လာ ၁၀၉၇၅ သန်းနှင့် စုစုပေါင်း ကုန်သွယ်မှု ကဏ္ဍတွင် ဒေါ်လာ ၇၃၁၆ သန်း ကွာဟနေကာ မှောင်ခိုကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် တစ်နှစ် ဒေါ်လာတစ်ဘီလျံကျော် နစ်နာနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးအေးဝင်းက ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် SMEs Development Strategy "Issues & Solutions" Forum တွင် လတ်တလော ပို့ကုန်သွင်းကုန် ကွာဟချက်များအပေါ် တစ်ဖက်နိုင်ငံများမှ ရယူထားသည့် ကုန်သွယ်မှု အချက်အလက်များနှင့် နှိုင်းယှဉ်ပြီး အကြံပြု ပြောကြားသည်။

“မှောင်ခိုကုန်သွယ်မှုနဲ့ ပတ်သက်လို့ ပို့ကုန်သွင်းကုန် စာရင်းဇယား နှိုင်းယှဉ်ချက်အရ အဓိကနယ်စပ်နေ ကုန်သွယ်မှုလုပ်နေတဲ့ တရုတ်နဲ့ ထိုင်းကတော့ သွင်းကုန်ရဲ့ ၉၇ ရာခိုင်နှုန်းလောက် နေရာယူထားပြီးတော့ မြန်မာဘက်ကနေ တရားဝင်ယူထားတဲ့ စာရင်းအရတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅၇၂ ရှိပြီးတော့ တစ်ဖက်နိုင်ငံရဲ့ စာရင်းအရတော့ ၂၁၉၁၇ ဖြစ်တဲ့အတွက် သွင်းကုန်ကွာခြားချက်ဟာ စုစုပေါင်း သန်းပေါင်း ၅၃၃၉ သန်း ရှိပါတယ်။ ဒီပမာဏက တော်တော်ကြီးကို ကြီးမားတဲ့ ကွာဟချက် ပမာဏ ဖြစ်နေပါတယ်။ ပို့ကုန်အနေနဲ့ ကွာဟချက်က သန်းပေါင်း ၁၀၉၇၅ ဖြစ်ပြီးတော့ စုစုပေါင်း ကုန်သွယ်မှုပမာဏအရဆို ကွာခြားချက်က သန်းပေါင်း ၇၃၁၆ ဖြစ်တဲ့အတွက် ဒီပမာဏက တရားမဝင် ကုန်သွယ်မှု ပမာဏအဖြစ် စာရင်းဇယားအရ တွေ့ရှိရပါတယ်။ နိုင်ငံတော်ဘက်ကနေ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ဒီပမာဏကိုသာ တရားဝင် တင်သွင်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီအပေါ်ကနေပြီးတော့ ရနိုင်မယ့် ပဏာမ တစ်ခုတည်းကို ခန့်မှန်းခြေအားဖြင့် Import Duty Tax တွေရှိမယ်။ Commercial Tax တွေ စသည်ဖြင့် ခန့်မှန်းခြေအားဖြင့်ဆိုရင် ၁၅ ရာခိုင်နှုန်းလောက် အခွန်တွေ။ ဒီဟာတစ်ခုတည်းကတင် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုက တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်လောက် ကွာခြားနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ဦးအေးဝင်းက ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုများနှင့် ပတ်သက်၍ လက်ရှိတွင် ဆောင်ရွက်နေသည့် နည်းလမ်းများအဖြစ် မှောင်ခိုကုန်သွယ်ခြင်း၊ ပစ္စည်းအတု တင်သွင်းခြင်း၊ တရားမဝင် တင်သွင်းလာသည့် ကုန်စည်မှ တရားဝင် တင်သွင်းသည့် ကုန်စည်ကို ယှဉ်ပြိုင်ခြင်းနှင့် အခွန်အကောက်များ ပေးဆောင်ရာတွင် ကျသင့်တန်ဖိုးအောက် ဖော်ပြခြင်းများဖြစ်ကာ အစိုးရ အနေဖြင့် တရားမဝင်ကုန်သွယ်မှု ပပျောက်ရန် ဈေးကွက်မတိုင်မီ တားဆီးခြင်း၊ ဈေးကွက်အတွင်း အရေးယူ ဆောင်ရွက်ခြင်းများနှင့် နိုင်ငံတော်မှ ဥပဒေပြဋ္ဌာန်း အရေးယူခြင်းများအပြင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ခြင်းများ လုပ်ဆောင်သင့်ကြောင်း ဦးအေးဝင်းက အကြံပြုသည်။

တရားမဝင် ကုန်သွယ်မှုများကို ထိန်းချုပ်ခြင်း လုပ်ဆောင်နိုင်မှု မရှိသဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေမှာလည်း မြင့်မားနေပြီး ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှု စာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၄၀၇ ဒသမ ၄၆၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ငါးဘီလျံကျော် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာခုနစ်ဘီလျံကျော် ရှိလာကာ သွင်းကုန်တင်သွင်းမှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

Writer: ဖြိုးဝေ

Most Read

Most Recent