မတ်နှင့် ဧပြီလအတွင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၁ ကားရုံတင်ပြသမည်ဖြစ်ကာ ပရိသတ်စိတ်ဝင်စားမှု များပြားလျက်ရှိသော ဇာတ်ကားများပါဝင်မည်

မတ်နှင့် ဧပြီလအတွင်း မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၁ ကားရုံတင်ပြသမည်ဖြစ်ကာ ပရိသတ်စိတ်ဝင်စားမှု များပြားလျက်ရှိသော ဇာတ်ကားများပါဝင်မည်
Published 16 February 2019

မတ်လနှင့်ဧပြီလအတွင်းတွင် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၁ ကား ရုံတင်ပြသမည်ဖြစ်သည်။                  

မတ် ၁၅ ရက်တွင် သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီနေတိုး၊  အကယ်ဒမီသက်မွန်မြင့်တို့ ပါဝင်ထားသည့် ‘တာတူး’ ဇာတ်ကား၊ အကယ်ဒမီရန်အောင်၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီမင်းဦး၊ မင်းဘုန်းမြတ်၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း၊ တို့ပါဝင်သည့် ‘ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက်’ ဇာတ်ကားတို့ပြသမည်ဖြစ်သည်။

မတ် ၂၂ ရက်တွင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီရဲအောင်၊ မြင့်မြတ်၊ အိချောပိုတို့ ပါဝင်ထားသည့် ‘ဒယ်ဒီဖားကင်’ ဇာတ်ကား၊ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီဖွေးဖွေး၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ‘လှပ်၍လွင့်သော’ ဇာတ်ကားများ ပြသမည်ဖြစ်သည်။ မတ် ၂၉ ရက်တွင် လူမင်း၊ ဇေရဲထက်၊ ရွှေမှုန်ရတီတို့ပါဝင်ထားသည့် ‘နို့ဘီလူး’ ဇာတ်ကား၊ အောင်ရဲလင်းအဓိကပါဝင်ထားသည့် ‘မင်္ဂလာဦးည’ဇာတ် ကားများပြသမည် ဖြစ်သည်။

ဧပြီ ၅ ရက်တွင် အကယ်ဒမီခန့်စည်သူ၊ ရွှေမှုန်ရတီ၊ ယုသန္တာတင်တို့ပါဝင်သည့် ‘နှစ်မင်္ဂလာ’ ရုပ်ရှင်ဇာတ်ကား ပြသမည်ဖြစ်သည်။ ဧပြီ ၁၇ ရက်တွင် အကယ်ဒမီမြင့်မြတ်နှင့် အကယ်ဒမီဖွေးဖွေးတို့ပါဝင်ထားသည့် ‘ဘယ်ညာဘယ်ညာ’ ဇာတ်ကား၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ရွှေမှုန်ရတီ၊ ဆုမြတ်နိုးဦးတို့ ပါဝင်သည့် ‘သစ္စာနန်းတော်’ ဇာတ်ကားတို့အား ပြသမည်ဖြစ်သည်။ ဧပြီ၂၅ ရက်တွင် အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗိုလ်၊ အေးမြတ်သူ၊ ရွှေမှုန်ရတီတို့ပါဝင်သည့် ‘ပြုံးရွှင်ရေ ပျော်ရဲ့လား’ ဇာတ်ကား၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ ဘောလိဝုဒ်မင်းသမီး ရီယာရေး၊ နန်းဆုဦးတို့ ပါဝင်ထားသည့် ‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားတို့ ပြသမည်ဖြစ်သည်။

Most Read

Most Recent