ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များက စိုးရိမ်နေသော်လည်း အခွင့်အလမ်းများစွာ ရှိကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းရှင်များက စိုးရိမ်နေသော်လည်း အခွင့်အလမ်းများစွာ ရှိကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ဝင်းမောင်)
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ဝင်းမောင်)
Published 30 January 2019
နီလာ

ရခိုင်ဒေသတွင် လာရောက်ရင်းနှီးမြှုပ် နှံရန် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက စိုး ရိမ်မှုများရှိနေသော်လည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အခွင့်အလမ်းများ စွာရှိနေကြောင်းနှင့် အထူးဦးစားပေးအနေ ဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းတွင် လာရောက်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ကတော့ ရင်းနှီးမြှုပ်နှံသူတွေ လုပ်နိုင်မယ့်နေရာနဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေမှာ ပိုပြီးလုပ်နိုင်မယ်ဆိုရင် ခုနက စိုးရိမ်မှု အနည်းအကျဉ်းကိစ္စတွေ စိုးရိမ်စရာ ဒေသအစိတ်အပိုင်းလေးတွေ ဒါတွေက အလိုအလျောက် ပြေပျောက်ပြီး အဲဒီဒေသတွေကိုပိုပြီး မြှင့် တင်ချင်ပါတယ်။ ဒီဘက်က လုပ်နိုင်တဲ့နေရာတွေ လုပ်နိုင်တဲ့အခွင့်အလမ်းတွေကို များများလုပ်နိုင်လေ ဟိုဘက်ကနေရာတွေက ပိုပြီးပြေလည်သွားလေ ဖြစ်မှာပါ။ အဲဒီလိုလည်း မျှော်လင့်ထားပါတယ်” ဟု ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ JICA နှင့် JETRO တို့ပူးပေါင်းကာ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဖေဖော်ဝါရီ ၂၂-၂၃ ရက်များတွင် ငပလီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံရန်အတွက် အထူးဦးစားပေး အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြစ်ပြီး ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးကို အဓိကလုပ်ကိုင်ကြရန် ဝန်ကြီးချုပ်က ပြောကြားသည်။

“ရခိုင်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေတာတွေကို တကယ်လုပ်နိုင်တဲ့အနေအ ထားတွေကိုလည်း သိသွားအောင် တကယ် လုပ်နေတာတွေကိုလည်း သိသွားအောင်   လုပ်နိုင်တဲ့သူတွေလည်း အချင်းချင်းချိတ် ဆက်ပြီးလုပ်နိုင်အောင် ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ တစ်ပြည်နယ်လုံးမှာ ရင်းနှီးမြှုပ် နှံမှု လုပ်နိုင်တဲ့ အခြေအနေ အခွင့်အလမ်းတွေ အကုန်လုံးကိုပြပြီး ညှိနှိုင်းပြီး လုပ်သွားမှာပါ။ အခုလည်း ကုမ္ပဏီ သုံးခုလောက်က MoU ထိုးဖို့ လုပ်နေပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လတ်တလော ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု မရှိနိုင်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကျင်းပရန် မူလစီစဉ်စဉ်က ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ ပူးပေါင်းပြီးသာ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရ၏ စိတ်ဝင်စားမှုအရ JICA နှင့် JETRO တို့ကပါ ပူးပေါင်းပါဝင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လုပ်ငန်းရှင် အများစု တက်ရောက်မည်ဖြစ်သည်။

           

Most Read

Most Recent