၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်များမှ ကျပ်ဘီလျံ ၃၄၀၀ ကျော်ရရှိ 

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်များမှ ကျပ်ဘီလျံ ၃၄၀၀ ကျော်ရရှိ 
Published 30 January 2019
စိုးမင်းထိုက်၊ စည်သူ၊ မောင်ထူး

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအတွင်း ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်၊ အကောက်ခွန်နှင့် နိုင်ငံတော်ပိုင်ပစ္စည်းများ အသုံးပြုသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်များမှ ကျပ်ဘီလျံ ၃၄၀၀ (သန်းပေါင်း ၃၄၂၄၁၅၄ ဒသမ ၇၉၆)ကျော် ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အခွန်ရ ငွေစာရင်းတွင် ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက်များမှ ကျပ်သန်းပေါင်း ၁၇၂၂၉၈၉ ဒသမ ၃၄၉ ကောက်ခံ ရရှိခဲ့ကြောင်း၊ အဆိုပါ ကောက်ခံရရှိမှုတွင် ယစ်မျိုးခွန်မှ ကျပ်သန်းပေါင်း ၅၇၅ ဒသမ ၃၃၅၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်းပေါင်း ၉၂၀၆၁၈ ဒသမ ၁၃၆၊ သွင်းကုန် အတွက် လိုင်စင်ခများမှ ကျပ်သန်းပေါင်း ၂၂၈၃ ဒသမ ၈၁၄၊ မြန်မာနိုင်ငံ အောင်ဘာလေ သိန်းဆုမှ ကျပ်သန်းပေါင်း ၅၀၂၂၂ ဒသမ ၇၉၀၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများမှ ကျပ်သန်းပေါင်း ၁၁၃၉၂၅ ဒသမ ၀၁၆၊ တံဆိပ်ခေါင်းခွန်မှ ကျပ်သန်းပေါင်း ၂၉၃၃၆ ဒသမ ၉၁၁၊ မုတ်ကောင်ဝတ်ဆံသွင်းအခွန် မှ ကျပ်သန်းပေါင်း ၆၂၄ ဒသမ ၅၇၈၊ ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်၊ ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များအတွက် လိုင်စင်ကြေးများမှ ကျပ်သန်းပေါင်း ၄၇၈ ဒသမ ၅၃၅၊ အထူးကုန်စည်ခွန် မှ ကျပ်သန်းပေါင်း ၆၀၄၉၂၄ ဒသမ ၂၃၄ ကောက်ခံ ရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့အပြင် ဝင်ငွေနှင့် ပိုင်ဆိုင်မှုပေါ်တွင် ကောက်ခံသည့် အခွန်အကောက်တွင် ဝင်ငွေခွန်မှ ကျပ်သန်းပေါင်း ၉၅၁၀၀၀ ဒသမ ၁၈၄၊ အကောက်ခွန်မှ ကျပ်သန်းပေါင်း ၂၆၅၆၉၇ ဒသမ ၂၁၅ ကောက်ခံရရှိခဲ့ကြောင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းများ အသုံးပြုသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်အနေဖြင့် မြေယာပေါ်တွင် ကောက်ခံသည့်အခွန်မှ ကျပ်သန်းပေါင်း ၆ ဒသမ ၄၆၅၊ ရေခွန်မှ ကျပ်သန်းပေါင်း ၄၀ ဒသမ ၄၅၇၊ တာတမံခွန် မှ ကျပ်သန်းပေါင်း ၀ ဒသမ ၀၂၅၊ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်မှ ကျပ်သန်းပေါင်း ၂၂၁၃ ဒသမ ၆၁၉၊ ဓါတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန် (စက်မှုကုန်ကြမ်းတွင်းထွက်နှင့် အလှဆင်ကျောက်များ မပါ) မှ ကျပ်သန်းပေါင်း ၃၀ ဒသမ ၅၁၂၊ ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ မှ ကျပ်သန်းပေါင်း ၂၈၂၃ ဒသမ ၃၈၉၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက်  ကောက်ခံသည့်အခွန် ကျပ်သန်းပေါင်း ၂၁၈၁၃၉ ဒသမ ၃၇၇၊ ဓာတ်သတ္တုခွန်နှင့် ရတနာခွန်မှ ကျပ်သန်းပေါင်း ၁၃၂၃၁ ဒသမ ၈၄၈၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခမှ ကျပ်သန်းပေါင်း ၂၄၁၉၆၅ ဒသမ ၆၃၂၊ ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခမှ ကျပ်သန်းပေါင်း ၅၅၈၃ ဒသမ ၂၈၂၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်မှ ကျပ်သန်းပေါင်း ၄၃၂ ဒသမ ၄၄၂ ရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် အခွန်အကောက်ရငွေ လျာထားချက်များ ရေးဆွဲရာတွင် ယခင်ဘဏ္ဍာရေးနှစ်များ၏ အမှန်ကောက်ခံရရှိမှုနှင့် ပကတိဖြစ်ပေါ်နေသော အခြေအနေများကို အခြေခံ၍ လျာထား သတ်မှတ်သင့်ကြောင်း၊ အထူးကုန်စည်ခွန်နှုန်းထားများ ပြင်ဆင် သတ်မှတ်ခြင်းများ ပြုလုပ်ရာတွင် ထိုကဲ့သို့ ပြင်ဆင်သတ်မှတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူး နှိုင်းယှဉ်လေ့လာ သုံးသပ်မှုကို စနစ်တကျပြုလုပ်ပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အခွန်အခြေကျယ်ပြီး ဖိဖိစီးစီး ကောက်ခံသည်နှင့်အမျှ တိုးတက် ကောက်ခံရရှိနိုင်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်းပြီး ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကောက်ခံရရှိနိုင်ရေးအတွက်(က) လက်ရှိ အခွန်တံဆိပ်ခေါင်း ကပ်၍ ကောက်ခံနေသည့် လုပ်ငန်းရပ် ငါးမျိုး ကို ပိုမို ထိရောက်စွာ ကောက်ခံနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ (ခ)ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် မပြုထားသော ကျန်ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်အမျိုးအစားများကိုပါ တိုးချဲ့ကောက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ (ဂ) ကုန်သွယ်လုပ်ငန်းခွန်ကို အများပြည်သူတို့ကသာ အဓိက ထမ်းနေခြင်းဖြစ်ရာ အမှန်တကယ် ထမ်းဆောင်နေသည့် ပြည်သူများအနေဖြင့် ပိုမိုကျယ်ပြန့် စွာ လိုက်နာ ထမ်းဆောင်လာနိုင်ရေးအတွက် ထိုက်သင့်သည့် ချီးမြှောက်မှုများ စီစဉ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။

 

Most Read

Most Recent