၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သုံးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော် ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၀၅ ရာခိုင်နှုန်းမြင့်တက်နေ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သုံးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော် ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၀၅ ရာခိုင်နှုန်းမြင့်တက်နေ
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချသော စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စားသောက်ကုန်များ ရောင်းချသော စျေးဝယ်စင်တာတစ်ခုကို တွေ့ရစဉ်
Published 27 January 2019
စည်သူအောင်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း သုံးလဆက်တိုက် ၆ ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၀၅ ရာခိုင်နှုန်းမြင့်တက် နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်း မျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာ နှစ်အစပိုင်းလများဖြစ်သော အောက်တိုဘာ တွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် မတ်မှ ဒီဇင်ဘာအထိ ကိုးလဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းဖြစ် သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နှစ်အ လိုက်ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း ဧပြီလမှစ၍ ဒီဇင်ဘာလအထိ ငွေကြေးဖောင်းပွမှု နှုန်း ကိုးလဆက်တိုက်မြင့်တက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး နိုဝင်ဘာလ ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်းအနည်းငယ် ဆက်လက်မြင့်တက်လာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ကိုးလဆက်တိုက် ပြန်လည်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ  ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် လေးရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ဇူလိုင်မှ စက်တင်ဘာလအတွင်း ငါးရာခိုင်နှုန်းကျော်အထိမြင့်တက်ခဲ့ကာ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ခြောက်ရာခိုင်နှုန်းကျော်အထိ ဆက်လက်မြင့် တက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း အနိမ့်ဆုံး ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၄ ဒသမ ၀၃ ရာခိုင်နှုန်း (မတ်လ) နှင့် အမြင့်ဆုံး ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၈၆ ရာခိုင်နှုန်း နှိုင်းယှဉ်ပါက ၁၀ လအတွင်း ၂ ဒသမ ၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ်အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့တွင် ၁၁ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၀ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မကွေးတိုင်း ဒေသကြီးတွင် ၉ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မကွေးတိုင်း ဒေသကြီးတွင် ၁၀ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကယား ပြည်နယ်တွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့်      ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ်အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

Most Read

Most Recent