၂၀၁၈ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အနေဖြင့် မတ်တွင် အနိမ့်ဆုံးဖြစ်ပြီး ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့

၂၀၁၈ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း အနေဖြင့် မတ်တွင် အနိမ့်ဆုံးဖြစ်ပြီး ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စျေးတန်းတစ်နေရာကို တွေ့ရစဉ်
Published 20 January 2019
မင်းသီဟဇော်

၂၀၁၈ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်းမှာ မတ်လတွင် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ပြီး  ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေး ဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသ မ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်လာလအတွင်း မန္တလေး မြို့တွင် ၁၁ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၀ ဒသမ ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ မကွေးတိုင်း ဒေသကြီးတွင် ၉ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မကွေးတိုင်းဒေသကြီးတွင် ၁၀ ဒသမ၅၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ခဲ့ပြီး ကယားပြည်နယ်တွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ခဲ့သည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေ ကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော် လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ်အား ပြောင်းလဲတွက် ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံ ခြားငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေ ခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယ ကာလတို (၅) နှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင်ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့်  ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေး အတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အ ခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၈၆ ရာခိုင်နှုန်း ရှိပြီး နိုဝင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၆၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၀ ရာခိုင်နှုန်း ပိုမိုခဲ့သည်။              

Most Read

Most Recent