တစ်ဦးပိုင်ယာဉ်များကို အများပိုင်ကုမ္ပဏီ ပြောင်းလဲနိုင်ရေးနှင့် ကြားကားပြေးဆွဲမှု အစားထိုးနိုင်ရေးအတွက် YBS ကုမ္ပဏီများနှင့် တိုင်းလွှတ်တော်ကော်မတီတို့ တွေ့ဆုံဆွေးနွေးမည်

တစ်ဦးပိုင်ယာဉ်များကို အများပိုင်ကုမ္ပဏီ ပြောင်းလဲနိုင်ရေးနှင့် ကြားကားပြေးဆွဲမှု အစားထိုးနိုင်ရေးအတွက် YBS ကုမ္ပဏီများနှင့် တိုင်းလွှတ်တော်ကော်မတီတို့ တွေ့ဆုံဆွေးနွေးမည်
Published 9 January 2019
ပြည့်ဖြိုးအောင်

တစ်ဦးပိုင်ယာဉ်များကို အများပိုင်ကုမ္ပဏီများ ပြောင်းလဲနိုင်ရေးနှင့် ကြားကားပြေးဆွဲမှု အစားထိုးနိုင်ရေးအတွက် YBS ကုမ္ပဏီများနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုရေးရာ ကော်မတီတို့ တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင်၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအား YBS ကုမ္ပဏီများနှင့်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေး နိုင်ရန်အတွက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ကတ်စနစ်တွေအမြန်ဆုံး သုံးစွဲနိုင်အောင်ရယ်၊ သူတို့ပြောထားတဲ့ အများပိုင်ယာဉ်လိုင်းကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အကုန်လုံး ပြောင်းလဲရမယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ တစ်ဦးချင်းပိုင်းအနေနဲ့ တချို့ဟာတွေမှာ တရွတ်ဆွဲပြီးပါနေတဲ့ကိစ္စ မျိုးတွေကို ဘယ်လိုညှိနှိုင်းအဖြေရှာမလဲဆို တာရယ်။ ကျောက်တံတားလိုနေရာမျိုး၊ ပန်းဆိုး တန်းလိုနေရာမျိုးမှာ ကြားကားတွေများပြီးတော့ ရှုပ်ထွေးပြီး စနစ်မကျတာတွေကို အဲ့ဒါတွေကို ဘယ်လိုယာဉ်လိုင်းတွေနဲ့ ဘယ်လို အစားထိုးပြီးမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

အများပိုင်အဖြစ် ပြောင်းလဲခြင်း မရှိသေးဘဲ ပုဂ္ဂလိကယာဉ်ဖြင့် ပြေးဆွဲနေသည့် YBS ခရီးသည် အများစုအနေဖြင့် (YRTA) ချမှတ်ထားသည့် ခရီးသည်ပြည်သူများအတွက် အဲယားကွန်းဖွင့် မောင်းနှင်ရမည် ဝန်ဆောင်မှုများကို မပြုလုပ်ကြောင်း၊ ယာဉ်တွင်စပယ် ခိုးတင်ခြင်း သတ်မှတ်ယာဉ်ထွက်ချိန်များကို မလိုက်နာခြင်း၊ ယာဉ်၏ ဥပတိများကို ဆန်းစစ်လျက်ရှိပြီး သတိပေး အရေးယူသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) က စိစစ်အရေးယူမည် ဖြစ်ကြောင်း (YRTA) ၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားထားသည်။

အဆိုပါ ပုဂ္ဂလိကယာဉ်လိုင်း အများစုတွင် ဝန်ဆောင်မှုအနေဖြင့် ကားအဲကွန်းဖွင့်၍ မောင်းနှင်မှုမရှိခြင်း၊ ခရီးသည်ယာဉ် ပြေးဆွဲရန် သတ်မှတ်ထားသည့် ည ၈ နာရီအထိ ပြေးဆွဲခြင်းမရှိဘဲ အများစုမှာ ည နေ ၆နာရီ အထိသာ ပြေးဆွဲနေမှုများ တွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

မထသစနစ်မှ YBS စနစ်ပြောင်းလဲပြီး နောက်လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

YBS စနစ်တွင် အများပိုင်ကုမ္ပဏီများမှာ YBPC၊ YUPT၊ ဗန္ဓုလ၊ Omni Focus၊ လူထုမိတ်ဆွေ၊ Power Eleven၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link၊ အမြင့်မြတ်ဆုံးအင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT၊ GYCT၊ Aero star စုစုပေါင်း ကုမ္ပဏီ ၁၇ ခုဖြစ်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

         

Most Read

Most Recent