အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ခြင်းကို အသင်းအတွက် မောင်းနှင်အားအဖြစ် အသုံးချရမယ်လို့ တင်ဘာ ပြောကြား

အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ခြင်းကို အသင်းအတွက် မောင်းနှင်အားအဖြစ် အသုံးချရမယ်လို့ တင်ဘာ ပြောကြား
Photo: X
Photo: X
Published 8 December 2025

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ တင်ဘာက အက်စတွန်ဗီလာအား ရှုံးနိမ့်ခဲ့ခြင်းကို အသင်းအတွက် မောင်းနှင်အားအဖြစ် အသုံးချရမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို (၁-၂)ဂိုးနဲ့ ရှုံံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံ(၁၈)ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန် အဆုံးသတ်ခဲ့ရပြီး ဒုတိယနေရာက မန်စီးတီးနဲ့ (၂)မှတ်သာကွာဟပါတော့တယ်။

နယ်သာလန်နောက်ခံလူ တင်ဘာဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးညာနောက်ခံလူတွေထဲကတစ်ဦးအဖြစ် ညွှန်းဆိုခံထားရပေမဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာတော့ အာဆင်နယ်အသင်းရဲ့ ခံစစ်အတွင်းလူတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့ နေရာမှာ ဝင်ကစားပေးခဲ့ရပါတယ်။

ဒါပေမဲ့ တင်ဘာက အခုလိုမျိုး ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရတာဟာ အသင်းတိုင်းအတွက် တူညီတဲ့ အခြေအနေဖြစ်တာကြောင့် ဒါကို ကျော်လွှားပြီး နိုင်ပွဲတွေရရှိအောင် ကြိုးစားရမယ်လို့လည်း ဆိုခဲ့ပါတယ်။

''ကျွန်တော်ကတော့ ဒီရှုံးနိမ့်မှုကို စိတ်ဓာတ်မြှင့်တင်မှုတစ်ခုအဖြစ်၊ အင်အားဖြည့်တင်းမှုတစ်ခုအဖြစ် အသုံးချနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ခဲ့ပြီးတဲ့အရာကို လက်ခံဖို့ လိုအပ်ပြီး ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုအပ်တာကြောင့်ပါ'' လို့ တင်ဘာက ပြောကြားခဲ့ပါတယ်။ 

Most Read

Most Recent