လူဦးရေလေးထောင်ကျော်ရှိသည့် မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာတွင် နှစ်ပတ်ကျော်သည်အထိ ရေပြန်ကျခြင်းမရှိသေး

လူဦးရေလေးထောင်ကျော်ရှိသည့် မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာတွင် နှစ်ပတ်ကျော်သည်အထိ ရေပြန်ကျခြင်းမရှိသေး
■ပုံစာ - ပဲတခွဲကျေးရွာတွင် ရေကြီးမှုဖြစ်နေသည်အား ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်
■ပုံစာ - ပဲတခွဲကျေးရွာတွင် ရေကြီးမှုဖြစ်နေသည်အား ဇူလိုင် ၂၁ ရက်က တွေ့ရစဉ်
Published 26 July 2024

လူဦးရေ လေးထောင်ကျော်ရှိသည့် မြန်အောင်မြို့နယ် ပဲတခွဲကျေးရွာတွင် နှစ်ပတ်ကျော်သည်အထိ ရေပြန်ကျခြင်းမရှိသေးကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ပဲတခွဲ ကျေးရွာအုပ်စုတွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာမြင့်သည်အထိ ရေပြန်ကျသေးခြင်း မရှိသေးကြောင်း သိရသည်။

"ရေကြီးတာ နှစ်ပတ်ကျော်ပါပြီ။ ဒီနေ့မှာ ရေက တစ်ပေလောက် ထပ်တက်လာတယ်။အခက်အခဲကတော့ အများကြီး ရင်ဆိုင်ရတာပေါ့။ရေပြန်မကျတော့ စားသောက်ဖို့ အခက်အခဲတွေ ကြုံတွေ့ရပါတယ်။ကျေးရွာမှာက လက်လုပ်လက်စားတွေများတော့ စားသောက်ရေး ခက်ခဲနေပါတယ်"ဟု ပဲတခွဲ ကျေးရွာအုပ်စုနေသူတစ်ဦးက ပြောကြားသည်။

ပဲတခွဲကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၁၈၀၊ အိမ်ထောင်စု ၁၃၃၃၊ လူဦးရေ ၄၁၂၅ ဦးမှာ ရေဘေးသင့်နေပြီး မသန်စွမ်းဦးရေ တစ်ရာကျော်လည်း ရေဘေးသင့်နေကြောင်း သိရသည်။

နှစ်ပေါင်းသုံးဆယ်အတွင်း အကြီးမားဆုံး ရေကြီးမှုအား ပဲတခွဲကျေးရွာနေသူများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာ၌ စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းနှင့် အခြားစိုက်ခင်းများ ပျက်ဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာသို့ ဇူလိုင် ၂၁ ရက်က အလှုရှင်များနှင့် ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းမှ ရေဘေးသင့်နေရာသို့ သွားရောက် လှုဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိ ပဲတခွဲကျေးရွာတွင် စားသောက်ရေးအခက်အခဲများ ဖြစ်ပေါ်နေသဖြင့် အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ကျေးရွာများအပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြားကျေးရွာများတွင်လည်း ရေဘေးသင့်နေကြောင်း သိရသည်။

 

Most Read

Most Recent