လားရှိုးမြို့ ဘူတာလမ်းပေါ်ရှိ လားရှိုးမိုတယ်နှင့် လားရှိုးတက္ကသိုလ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယနေ့နံနက် မန်ဆူဘုရားအနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲပြင်းထန်နေ

Published 26 July 2024

လားရှိုးမြို့ ဘူတာလမ်းပေါ်ရှိ လားရှိုးမိုတယ်နှင့် လားရှိုးတက္ကသိုလ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယနေ့(ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းတွင်လည်း မန်ဆူဘုရားအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းတွင် ရပ်ကွက် ၁၂ ရှိ မန်ဆူဘုရားအနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ (ဇူလိုင် ၂၅ ရက်) ကလည်း မြို့တွင်းသို့ ဝင်ရောက်လာသော MNDAA ပူးပေါင်းအဖွဲ့အချို့နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်နေ့လယ်ပိုင်းခန့်မှစ၍ မယ်ဟန်ဂိတ်ဘက်ခြမ်းမှ ဝင်ရောက်လာသည်ဟု ယူဆရသည် MNDAA များအနေဖြင့် ဘူတာရုံလမ်းပေါ်ရှိ လားရှိုးတက္ကသိုလ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်ပြီး ည ၇ နာရီဝန်းကျင်တွင် တက္ကသိုလ်နားကပ်လာသည့် MNDAA အချို့ကို တပ်မတော်က နေရယူထားသည့် စနိုက်ပါအဖွဲ့က နေရာယူပစ်ခတ်မှုတွင်း ထိခိုက်သေဆုံးမှုအချို့ရှိပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“မနေ့က ညနေပိုင်းလောက်က တက္ကသိုလ်ဘက်ကို MNDAA တွေ ကပ်လာတယ်။ အဲဒီမတိုင်ခင် တက္ကသိုလ်ဝန်းထဲ ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ နောင်ချိုဆောင်ကိုကျတယ်၊ အားကစားရုံကိုလည်း ကျတယ်၊ လူထိခိုက်မှုတော့မရှိဘူး၊ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမကတော့ ဒရုန်းနဲ့ဗုံးချလို့ထင်တယ်။ အပျက်အစီးအချို့တော့ရှိခဲ့တယ်။ ညပိုင်းမှာ ကပ်လာတဲ့ MNDAA အချို့ကို အဲဒီနားမှာနေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ပြန်ဆုတ်သွားပြီး နောက်ပိုင်းပြန်ငြိမ်နေတယ်” ဟု လားရှိုးတက္ကသိုလ်မှ ကထိကဆရာမတစ်ဦးက ပြောကြားသည်။

ထို့အပြင် MNDAA အဖွဲ့များအနေဖြင့် လားရှိုးမိုတယ်တွင် ယမန်နေ့က ဝင်ရောက်နေရာယူမှုများရှိနေသည်ဟု ကြားသိရပြီး ၎င်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ လေကြောင်းမှ တိုက်ခိုက်ရှင်းလင်းမှုများ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် လားရှိုးမိုတယ်မှာ ယခင်က Asia world ကုမ္ပဏီပိုင် မိုတယ်တစ်ခုဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားမှုအရ သိရပြီး ၎င်းမိုတယ်မှာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်ပျက်စီးမီးလောင်မှု ရှိခဲ့ကြောင်း သိရသည်။

မြို့အတွင်းတိုက်ပွားများနှင့် ပတ်သက်၍ “မနေ့က နေ့ရော ညရော လက်နက်ငယ်သံတွေနဲ့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ သိရသလောက် MNDAA တွေအနေနဲ့ လားရှိုးမြို့ ဘူတာရုံလမ်းဘက်ခြမ်းကို ဝင်လာပုံရတယ်။ ဘူတာရုံလမ်းတစ်လျှောက်မှာရှိတဲ့ လားရှိုးမိုတယ်၊ လားရှိုးတက္ကသိုလ်မှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လားရှိုးမိုတယ်က မြို့နယ်ခန်းမနဲ့ အဝိုင်းပဲခြားတယ်။ အဲဒီမိုတယ်တော့ မီးလောင်ပျက်စီးတယ်လို့လည်း ကြားတယ်။ တပ်မတော်ဘက်ကလည်း အဲဘက်တွေမှာ နေရာယူထားပြီး ဝင်လာတဲ့သူတွေကို ပြန်တိုက်ထုတ်တယ်လို့ ကြားတယ်။ လားရှိုးမိုတယ်မှာ ခိုအောင်းဝင်ရောက်နေတဲ့သူတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရတယ်။ တက္ကသိုလ်နားကပ်လာတဲ့ သူတွေကိုလည်း ပစ်ခတ်တားဆီးနိုင်ခဲ့တယ်လို့ သိရတယ်။ တက္ကသိုလ်က လက်နက်ကြီးနဲ့ ပစ်ခံရလို့ အပျက်အစီးအချို့ရှိတယ်လို့ သိရတယ်။ မြို့တွင်းမှာတော့ ဒေသခံအချို့ဟာ ဘေးလွတ်တဲ့နေရာတွေမှာ သွားရောက်စုပြီးတော့ နေကြတာတွေလည်း ရှိတယ်။ ဒီနေ့မနက်မှာလည်း မန်ဆူဘုရားအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကြားတယ်” ဟု လားရှိုးဒေသခံတစ်ဦးက Eleven Media သို့ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းတွင် ပြောကြားသည်။

MNDAA အနေဖြင့် လားရှိုးမြို့ကို ထိန်းချုပ်ပြီး ရမခကို သိမ်းပိုက်လိုက်ပြီဟု Exile မီဒီယာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြောဆိုမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ စုံစမ်းသိရှိရသော သတင်းများအရ တိုင်းစစ်ဌာနချုပ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ MNDAA အနေဖြင့် ရမခအနီးဝန်းကျင်များမှ တပ်မတော်စခန်းကုန်းများနှင့် ကာကင်းကုန်းများကိုပင် ထိုးဖောက်သိမ်းပိုင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများနှင့် တပ်မတော်နှင့်နီးစပ်သော တယ်လီဂရမ်ချန်နယ်များတွင် ပြောကြားမှုအရ သိရသည်။

“လားရှိုးတိုက်ပွဲအခြေအနေက MNDAA ဘက်က ဆိုက်ဝါးအဓိကလုပ်နေတယ်။ မနေ့ကဆိုရင် ရမခကို သိမ်းပိုက်လိုက်ပြီဆိုပြီး မမှန်တဲ့သတင်းလွှင့်တယ်။ သိရသလောက်ကတော့ မြို့အပြင်က တပ်ရဲ့ အချို့အရေးပါတဲ့ ဗုံးတွေကိုတောင် စိုးမိုးသိမ်းပိုက်ထားတာမျိုး မကြားရဘူး။ ၅၀၇ ဘက်ဆိုရင် သူတို့က သိမ်းထားတဲ့ပုံစံ ဓာတ်ပုံတွေပြတယ်။ ဒါပေမယ့် အဲဒါက အဲဒီကုန်းကနေ အထိုင်ချပြီး လက်နက်ကြီးနဲ့ မြို့ထဲကို ပစ်လို့ရတယ်။ ဒါပေမယ့် MNDAA နဲ့ အဲဒီလိုအထိုင်ချပြီး ပစ်နိုင်တဲ့ပုံမရှိဘူး။ တပ်ကလည်း လေကြောင်းပစ်ခတ်မှုတွေလုပ်တော့ သူတို့တွေ သိမ်းနိုင်ရင်တောင် အထိုင်ချလို့ရတဲ့ပုံမရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ရတဲ့မြို့ပတ်ပတ်လည်နေရာကနေ အတွင်းကို စိမ့်ဝင်ဖို့ လုပ်နေကြတယ်။ မယ်ဟန်ဂိတ်ဘက်ခြမ်းက ဝင်ဖို့လုပ်နေကြတာကို တပ်ကလည်း နေရာယူပြီး ရှင်းလင်းနေပုံရတယ်” ဟု လတ်တလော အခြေအနေများနှင့်ပတ်သက်၍ စစ်ရေးအခြေအနေကို သိရှိသူဒေသခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့ရှိ  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) နှင့်  ခလရ(၆၈)အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းအမှားလွှင့်ခဲ့သည့် MNDAA က လားရှိုးမြို့တွင် သတင်းအမှားဖြန့်ချိသူများကို အရေးယူမည်ဟုလည်း ၎င်းတို့က ဇူလိုင် ၂၅ ရက်တွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ 

MNDAA အဖွဲ့ကထုတ်ပြန်ရာတွင် လားရှိုးမြို့အုပ်ချုပ်ရေးကော်မရှင်ဖွဲ့စည်းပြီး လားရှိုးမြိုအား အထူးအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကာ နယ်မြေလုံခြုံရေးဆောင်ရွက်ဖြစ်ကြောင်းနှင့် သတင်းအမှားဖြန့်သူများကို အရေးယူမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ဇူလိုင် ၂၅ ရက်တွင်လည်း လားရှိုးမြို့၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး လားရှိုးမြို့တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် လူသိများသော ကိုစိုင်းလားရှိုး စနှိုက်ပါဖြင့်ပစ်ခတ်ခံရပြီး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနေဖြင့် သူ့အားမည်သူက မည်သည့်ဘက်မှ ပစ်ခတ်ခဲ့သည်ကို ပြောဆိုခြင်းမရှိသော်လည်း တပ်မတော်နှင့်နီးစက်သည့် တယ်လီဂရမ်ချန်နယ်များတွင် ထိုဖြစ်စဉ်မှာ မြို့ထဲသို့စိမ့်ဝင်လာသော MNDAA အဖွဲ့ဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုနေမှုများလည်းရှိနေသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း MNDAA အဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်မှုများနှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကာ လားရှိုးဒေသခံအများအပြားသည်လည်း အခြားမြို့များသို့ စစ်ဘေးတိမ်းရှောင်နေရပြီး မြို့တွင်းတွင် ရွှေ့ပြောင်းခြင်းမရှိသေးဘဲ နေထိုင်နေသည့် ဒေသခံများလည်းရှိသည်။

Most Read

Most Recent