နယ်စပ်ဂိတ်အားလုံးမှ တင်သွင်းမည့် ရေထွက် ပစ္စည်းများနှင့် ဆက်စပ် ကုန်ပစ္စည်းများကို တစ်ရက် ကြိုတင်ခွင့်ပြုချက် ရှိမှသာ တင်သွင်းခွင့် ရတော့မည်ဟု ထိုင်းနိုင်ငံမှ ကြေငြာချက် ထုတ်ပြန်

နယ်စပ်ဂိတ်အားလုံးမှ တင်သွင်းမည့် ရေထွက် ပစ္စည်းများနှင့် ဆက်စပ် ကုန်ပစ္စည်းများကို တစ်ရက် ကြိုတင်ခွင့်ပြုချက် ရှိမှသာ တင်သွင်းခွင့် ရတော့မည်ဟု ထိုင်းနိုင်ငံမှ ကြေငြာချက် ထုတ်ပြန်
Published 13 July 2024
ဇော်မိုးဦး ( မြိတ် )                 

နိုင်ငံတစ်ဝန်းရှိ နယ်စပ်ဂိတ်အားလုံးမှတင်သွင်းလာမည့် ရေထွက်ပစ္စည်းများနှင့်ဆက်စပ်ကုန် ပစ္စည်းများကိုအနည်းဆုံး ၁ ရက်ကြိုတင်ခွင့်ပြုချက်ရှိမှသာတင်သွင်းခွင့်ရတော့မည်ဟုထိုင်းနိုင်ငံမှကြေ  ငြာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှရေထွက်ပစ္စည်များ ဝယ်ယူတင်သွင်းရာတွင် သက်ဆိုင်ရာ   အေးဂျင့်များမှတဆင့် တင်ပို့လာမည့်ကုန်ပစ္စည်းအမည်နှင့်အရေအတွက်များကို တစ်ရက် ကြိုတင်အကြောင်း  ကြားထားမှလာလျှင် ဝယ်ယူတော့မည်ဖြစ်ကြောင်း အဆိုပါကြေငြာချက်တွင်ရေးသားထားသည်။

ထိုင်း  နိုင်ငံအနေဖြင့်ကြေငြာချက် ထုတ်ပြန်ခြင်းကိုဇူလိုင်လ ဒုတိယအပတ်တွင် ထုတ်ပြန်လာခြင်းဖြစ်ပြီးထိုင်း နိုင်ငံရှိနယ်စပ်ဂိတ်အားလုံးနှင့် သက်ဆိုင်မည်ဖြစ်ကြောင်းသိရသည်။

’’ လက်ရှိပြန်လည်ဖြေလျော့ပေး ထားတဲ့ရေထွက်ပစ္စည်း ၁၀ မျိုးကိုလည်းပုံမှန်အတိုင်း တင်ပို့နိုင်မယ်၊အခုကြေငြာချက်ကဘန်ကောက်  မှာရှိတဲ့ရုံးချုပ်ကထုတ်ပြန်တာဖြစ်ပြီး မြန်မာနိုင်ငံနှင့်ထိစပ်ပြီးကုန်သွယ်မှုပြုလုပ်နေတဲ့နယ်စပ်ဂိတ်အား လုံးနှင့်သက်ဆိုင်ပါတယ်၊ တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ရေထွက်ပစ္စည်းတွေကိုတင်ပို့တဲ့အခါ မှာလည်းအဲဒီအကြောင်းကြားစာမှာပါတဲ့အတိုင်း လိုက်နာရမယ်’’ လို့ မြိတ်မှသွင်းကုန်၊ထုတ်ကုန်လုပ် ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၊လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ငါးလုပ် ငန်းဦးစီးဌာနလက်အောက်ရှိငါးဖမ်းသင်္ဘောများ၊ရေထွက်ပစ္စည်းများနှင့်ဆက်စပ်ကုန်ပစ္စည်းများစစ်ဆေရေးဌာနညွန်ကြားရေးမှူးမှ ၂၀၁၇ ခုနှစ်၊ရေထွက်ပစ္စည်းများနှင့်ဆက်စပ်ထုတ်ကုန်ပစ္စည်းများနှင့် သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်ပါပုဒ်မ ( ၉၂ )အပိုဒ် ( ၄ ) ပါပြဋ္ဌာန်းချက်အရအပ်နှင်းထားသည့်အ ခွင့်အာဏာကိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဥပဒေတွင်ပါဝင်သောရေထွက်ပစ္စည်းများ နှင့်ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၏နောက်ကြောင်းပြန်စစ်ဆေးနိုင်မည့်စနစ်အရထိုင်းနိုင်ငံအတွင်းဝင်   ရောက်လာသည့်ကုန်စည်များမှာဥပဒေနှင့်အညီဟုတ်မဟုတ်၊တရားမဝင်ငါးဖမ်းဆီးမှုတားဆီးရေး၊ရေ ထွက်ပစ္စည်းရရှိလာမှုလမ်းကြောင်းနှင့်ဖမ်းဆီးရရှိမှုတည်နေရာများကိုတိကျစွာဖော်ပြထားရန်ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းကမ်းသတ်မှတ်ချက်များအတိုင်းတိကျစွာလိုက်နာရန်ထိုင်းနိုင်ငံ၊ နယ်စပ်စစ်ဆေးရေးဂိတ်များအားလုံးကိုလည်းညွန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရသည်။

သက်ဆိုင်ရာနယ်စပ်ဒေသရေထွက်ပစ္စည်းစစ်ဆေးရေးဂိတ်မှူးများသည်အထက်ပါဥပဒေပြဋ္ဌာန်းချက်များ အတိုင်းတိတကျစွာလိုက်နာရမည်ဖြစ်ကြောင်းမလိုက်နာပါကရာဇသတ်ကြီးဥပဒေပြဋ္ဌာန်းချက်ပုဒ်မ ( ၁၅၇ ) အရအရေးယူခံရမည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်  ကြောင့်မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်မှရေထွက်ပစ္စည်းများအဓိကတင်ပို့နေသည့်မြန်မာကုန်သည် များအနေဖြင့်မိမိတို့တင်ပို့မည့်ကုန်ပစ္စည်များ၏အမည်များနှင့်အရေအတွက်များကိုကြိုတင်အကြောင်း ကြားပြီးမှသာလျှင်တင်ပို့ရတော့မည်ဖြစ်ကြောင်းသိရသည်။ပြုပြင်ထုတ်လုပ်ထားသည့် Value Added / Semi Value Added ကုန်စည်များ၊( ဥပမာ-ငါးဆားထိုး၊ဂဏန်းချေးပုံး၊ဆားစိမ် )တွင် Health Certificate ( HC ) ပါရမည်ဖြစ်ပြီးကြိုတင်ပေးပို့ရမည့်စာရင်းတွင်ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းထိုင်း   နိုင်ငံမှကြေငြာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။



 

Most Read

Most Recent