ပါမောက္ခချုပ် ဆရာတော်ကြီး၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ စာမေးပွဲ စာဖြေဌာနများ ဧရာဝတီတိုင်းဒေသကြီး၌ များပြားလာပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်လည်း များပြားလာ

ပါမောက္ခချုပ် ဆရာတော်ကြီး၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ စာမေးပွဲ စာဖြေဌာနများ ဧရာဝတီတိုင်းဒေသကြီး၌ များပြားလာပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်လည်း များပြားလာ
Published 2 July 2024

ဧရာဝတီတိုင်းဒေသကြီးရှိ သုတဓမ္မဒီပလိုမာစာမေးပွဲစာဖြေဌာနတစ်ခုကို တွေ့ရစဉ်

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာစာမေးပွဲ စာဖြေဌာနများ ဧရာဝတီတိုင်းဒေသကြီး၌ များပြားလာပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်လည်း ပိုများပြားလာကြောင်း သတင်း ရရှိသည်။      

“ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ပညာ ဘူမိတက္ကသိုလ်၊ သုတဓမ္မဒီပလိုမာစာမေးပွဲ အတွက် Online ကနေ လေ့လာကြတယ်။ ပြဋ္ဌာန်းစာအုပ်တွေ၊ အထောက်အကူပြုပို့ချချက် တွေနဲ့ ကိုယ်တိုင်လေ့လာကြတာလည်းရှိပါတယ်။ ဘုန်းဘုန်းဆီမှာကတော့ သင်ကြားပို့ ချမှုပါ ဆောင်ရွက်ပေးဖြစ်ပါတယ်။  ဘာသာရေးတက္ကသိုလ်ပညာရေးစနစ်ကို ဒီပလိုမာက နေ ဒေါက်တာဘွဲ့အထိ ပေးတဲ့အစီအစဉ် လည်းဖြစ်တယ်။ ကိုယ့်နေရာ ကိုယ့်ဒေသက နေလည်း လေ့လာနိုင်တဲ့အတွက် စိတ်ဝင်စား မှုများလာကြတာတွေ့ရပါတယ်” ဟု ဧရာဝတီ စာဖြေဌာန(၂) ဆောင်ရွက်ရာ ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းတိုက်မှ ဦးစီးပဓာနဆရာ တော် ဒေါက်တာ အရှင်ဉာဏာလင်္ကာရ (မ ဟာသဒ္ဓမ္မဇောတိကဓဇ) က မိန့်ကြားသည်။

“ပြဋ္ဌာန်းထားတဲ့တရားတော်တွေက လောကီလောကုတ္တရာနှစ်ဖြာ အကျိုးများပါ တယ်။ ၀ိပဿနာတရားအားထုတ်မှုအတွက် များစွာအထောက်အပံ့ဖြစ်တဲ့အပြင် လက်တွေ့ ပစ္စုပ္ပန်အတွက်လည်း ဘဝနေနည်းနဲ့ စိတ်ပိုင်း ဆိုင်ရာငြိမ်းချမ်းရေးအတွက် အကျိုးများစေ တာကြောင့် စိတ်ဝင်တစားလေ့လာဖြေဆိုသူ ပိုမိုများပြားလာခြင်းဖြစ်ပါတယ်။ အစက တော့ ဧရာဝတီတိုင်းဒေသကြီးမှာ ကျောင်း ကုန်းစာဖြေဌာနတစ်ခုတည်းရှိတယ်။ အဲဒီ့ နောက် ဘုန်းဘုန်းတို့ ဟင်္သာတမှာ စာဖြေဌာ နဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ စာဖြေဌာန (၂) ဆောင်ရွက်ဖြစ်တာ စာမေးပွဲကာလသုံး ကြိမ်ရှိပါပြီ။ ခြောက်လတစ်ကြိမ်ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ မနှစ်က နီးစပ်ရာမြို့နယ်အ သီးသီးက စာမေးပွဲဝင်ရောက်ဖြေဆိုသူဦး ရေ ၂၀၀ ကျော်ရှိပါတယ်။ ဒီနှစ်ဆို ၃၀၀ ကျော် အထိရှိလာပါတယ်။ ဧရာဝတီမှာ ဘုန်းဘုန်း ရဲ့စာဖြေဌာနက ဖြေဆိုသူဦးရေများတယ်လို့ ပြောလို့ရပါတယ်။ အခုဆို ကျောင်းကုန်းနဲ့ ဟင်္သာတအပြင် ပုသိမ်၊ ဖျာပုံ၊ မအူပင်ဒေသ တွေမှာလည်း စာဖြေဌာနတွေ ထပ်တိုးလာပြီ ဖြစ်တဲ့အတွက် တစ်တိုင်းလုံးဖြေဆိုသူအရေ အတွက်ဆို အများအပြားရှိလာပြီလို့ပြောလို့ ရပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့် ကြားသည်။

သုတဓမ္မဒီပလိုမာစာမေးပွဲ၌ သာသနာ့ ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များသာမက လူပုဂ္ဂိုလ်အများအပြားလည်း ဝင်ရောက်ဖြေ ဆိုမှုများရှိကြောင်း သိရသည်။

သတင်း - အောင်ကျော်မျိုး

Most Read

Most Recent