ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအတွင်း ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပွားပြီး နယ်ထိန်းရဲတပ်ကြပ်တစ်ဦးနှင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအတွင်း ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပွားပြီး နယ်ထိန်းရဲတပ်ကြပ်တစ်ဦးနှင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိ
Published 3 July 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအတွင်း ပြီးခဲ့သည့် ဇူလိုင် ၁ ရက် ညပိုင်းက ပစ်ခတ်ဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ရာ မှ တောင်စွန်းနယ်မြေရဲစခန်းမှ  နယ်ထိန်းရဲ တပ်ကြပ်တစ်ဦးနှင့် ဒေသခံတစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

ဇူလိုင် ၁ ရက် ည ၇ နာရီခန့်က တောင် စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းဆိုသူမှာ တောင်စွန်းကျေးရွာဘုရင့်နောင်ရပ်ကွက်ရှိ စားသောက်ဆိုင်မှ ရဲစခန်းဘက်သို့ လမ်းလျှောက်ပြန်လာစဉ် အမည်မသိသေနတ်သမားနှစ်ဦးက ဆိုင်ကယ် နှင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “သေနတ်နဲ့ အ ပစ်ခံရတဲ့ နယ်ထိန်းရဲတပ်ကြပ်က လက်မောင်း မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့ ထွက် ပြေးလွတ်မြောက်သွားတယ်” ဟု ပြောကြားသည်။

ထို့နောက် ဇူလိုင် ၁ ရက် ည ၇ နာရီခွဲ ခန့်ကလည်း အဆိုပါ ဘီးလင်းမြို့နယ် တောင် စွန်းကျေးရွာ ဘုရင့်နောင်ရပ်ကွက်ရှိ ‘စစ်ပြန်’ ရေခဲအရောင်းဆိုင်သို့ အမည်မသိလက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားကြောင်းနှင့် လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်း လာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းင်းအား ဒေသခံလူမှုကူညီရေးအသင်းက ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း  ၎င်းဒေသခံက ဆိုသည်။

ထို့ပြင် အဆိုပါ ယင်းဆိုင်ကယ်စီးနင်း လာသည့် အမည်မသိသေနတ်သမားနှစ်ဦးမှာ တောင်စွန်းရဲစခန်းရှေ့လမ်းကြားတွင်လည်း သေနတ်သုံးချက် ပစ်ဖောက်သွားပြီးနောက် ကျုံကမိစုရွာဘက်သို့ မောင်းနှင်သွားကြောင်း လည်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ပြီး ခဲ့သည့် ဇွန် ၆ ရက်ကလည်း ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာလမ်းဆုံတွင် တောင် စွန်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံလုံခြုံရေး ယူထားသည့် ရဲတပ်ကြပ်ကြီးတင်လှ သေနတ် ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အပြင် ဇွန် ၉ ရက်ကလည်း ဘီးလင်းမြို့နယ် ပေါက်တော ကျေးရွာအုပ်စု ပေါက်ကွဲကျေးရွာရှိ နာရေး အိမ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ အမျိုး သားနှစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဘိုဘိုမြင့်