အမေရိကန်-အီရန် သဘောတူညီချက်က အစ္စရေးအတွက် ကပ်ဘေးဟု လေ့လာဆန်းစစ်သူများ ပြောကြား

အမေရိကန်-အီရန် သဘောတူညီချက်က အစ္စရေးအတွက် ကပ်ဘေးဟု လေ့လာဆန်းစစ်သူများ ပြောကြား
Published 15 June 2026

အရှေ့အလယ်ပိုင်းစစ်ပွဲပြီးဆုံးရန်အမေရိကန်နှင့်အီရန် သဘောတူညီချက်က အစ္စရေးအတွက် သိတာထင်ရှားသည့် မဟာဗျူဟာမြောက်ရေးအခက်အခဲတစ်ခုဖြစ်ပြီး ဝါရှင်တန်၌ အစ္စရေး၏ဩဇာ ကျဆင်းသွားခြင်းကို မီးမောင်းထိုးပြနေသည်ဟု အစ္စရေးလေ့လာဆန်းစစ်သူများကပြောကြားခဲ့သည်။

ဇွန်လ ၁၅ရက် စောစောပိုင်းတွင် ပါကစ္စတန်က ကြေညာခဲ့သော သဘောတူညီချက်သည် မပြည့်စုံသေးဘဲ ရက်ပေါင်း၆ဝအတွင်းအပြီးသတ်မည်ဟုမျှော်လင့်ရသည်ဆိုသော်လည်း ယင်းသဘောတူညီချက်၏ ကနဦး မူဘောင်သည် အစ္စရေး၌ စိုးရိမ်ပူပန်မှုကို ပေါ်ပေါက်စေခဲ့သည်။

"ဒီသဘောတူညီချက်ဟာ အီရန်ရရှိထားတဲ့ အကျိုးအမြတ်တွေကို အတည်ဖြစ်အောင် ခိုင်ခိုင်မာမာ လုပ်ပေး လိုက်တာဖြစ်ပြီး အစ္စရေးအတွက် ထိရှအလွယ်ဆုံးဖြစ်တဲ့ လုံခြုံရေးကိစ္စကိုတော့ နောက်မှဖြေရှင်းဖို့ ရွှေ့ဆိုင်းထားလိုက်တာဖြစ်တယ်"ဟုဆန်းစစ်သူများက ထောက်ပြကြသည်။

ထောက်လှမ်းရေးအရာရှိဟောင်းဒန်နီစီထရီနိုဝစ်၏‌သုံးသပ်ချက်အရအမေရိကန်နှင့်အီရန် သဘောတူညီချက် သည် အစ္စရေးနိုင်ငံအတွက်နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကပ်ဘေးကြီးတစ်ခုထက်မနည်း ဖြစ်နေသည်ဟု ဆိုသည်။

ထို့အပြင်အမေရိကန်နှင့်အီရန်သဘောတူညီချက်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုအတွက်လည်း ထိုးနှက်ချက်ဖြစ်သည်ဟု ဆိုသည်။ ဟားမာ့စ်၊ ဟစ်ဇဘိုလာ၊ အီရန်တို့နှင့် စစ်ခင်းရာတွင် အောင်နိုင်သူအဖြစ် အောက်တိုဘာရွေးကောက်ပွဲကိုပါဝင်ယှဉ်ပြိုင်ရန်မျှော်လင့်ထားသော

နေတန်ယာဟုသည် အစ္စရေး၏အဓိကစစ်ရေးရည်မှန်းချက်များကို ရရှိအောင် မလုပ်နိုင်သည့်အတွက် ဝေဖန်ခံနေရသည်။

"အီရန်ပြည်သူတွေရဲ့အကျိုးစီးပွားအများစုကိုထည့်သွင်းစဉ်းစားမယ့်သဘောတူညီချက်ရရှိလာတော့မယ်ဆိုတာကိုကျွန်တော် တို့သိထားတာကြာပါပြီ"ဟု အမျိုးသားလုံခြုံရေးအတွက် အစ္စရေးအင်စတီကျု(INSS)က လေ့လာဆန်းစစ်သူ ဆိုင်မာရှိုင်းက ပြောကြားသည်။

"နျူကလီးယား ပြဿနာလို အစ္စရေးအတွက် အရေးကြီးတဲ့ ပြဿနာတွေဟာ ကျွန်တော်တို့ မသိရတဲ့ အနာဂတ်တစ်ချိန်ချိန်အထိ ဆက်လက်ရှိနေဦးမှာပါ"ဟု အစ္စရေးထောက်လှမ်းရေးအရာရှိဟောင်းရှိုင်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့်အစ္စရေးတို့ကဖေဖော်ဝါရီ၂၈ရက်တွင်အီရန်ကိုတိုက်ခိုက်ခြင်းကြောင့် အီရန်အစိုးရပြုတ်ကျပြီး၊ အီရန်၏နျူကလီးယားနှင့် ပဲ့ထိန်းဒုံကျည် အစီအစဉ်များကို ဖျက်ဆီးပစ်နိုင်မည်ဟု နေတန်ယာဟုက မျှော်လင့်ခဲ့သည်။ အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံကျည် အစီအစဉ်များကအစ္စရေး၏ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်နေသည်ဟု နေတန်ယာဟုကရှုမြင်ထားသည်။

နျူကလီးယားပြဿနာ မဖြေရှင်းနိုင်သည့်အပြင် ပဋိပက္ခ၏ရလဒ်က နောင်တက်လာမည့် အမေရိကန် သမ္မတတိုင်း အီရန်ကို စစ်ရေးဖြင့် အရေးယူခြင်းကို ပြန်လည်လုပ်ဆောင်ရန် အလားအလာမရှိသည့် အနေအထားကိုဖြစ်စေလိမ့်မည်ဟု ဒန်နီစီထရီနိုဝစ်က ပြောကြားသည်။

ထိုအချက်ကသုံးလကျော်ကြာမြင့်သောစစ်ပွဲအပြီးတွင်အီရန်ကို အင်အားပိုမိုတောင့်တင်းသောပုံစံဖြင့် ထွက်ပေါ်လာအောင် ထိထိရောက်ရောက် လုပ်ပေးနေသည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

"နောက်ဆုံးမှာတော့ အီရန်ဟာအင်အားပိုမိုကြီးမားလာပါတယ်။ အစ္စရေးကတော့ အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်ချက်တွေကို ဩဇာလွှမ်းနိုင်စွမ်းမရှိတော့ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။

Ref:AFP

AFP photos

Most Read

Most Recent