ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ
Published 18 June 2024

ထိုင်းနိုင်ငံအတွင်းသို့ ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာလုပ်သား ၁၉ ဦးသည် ဇွန် ၁၇ ရက် ညပိုင်းက ရတ်ချမနူ (Rajamnu) မြို့နယ်ရှိ အထူးတပ်ဖွဲ့ (Special Task Force at Ratchamanu) မှ  ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းများ၌ ဖော်ပြချက်အရ သိရသည်။

Rajamnu အထူးတပ်ဖွဲ့ (Special Task Force at Ratchamanu)၊ အမှတ် 422 ခြေလျင်တပ်ရင်းမှ ကင်းထောက်မစ်ရှင်အဖြစ် စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်လျှက်ရှိစဉ် ဇွန် ၁၇ ရက် ညသန်းခေါင်ယံအချိန် ပစ်ကပ်ကားတစ်စီးဖြင့် ရတ်ချမနူမြို့တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားမြန်မာ အလုပ်သမား ၁၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

နယ်မြေလုံခြုံရေးအထူးတပ်ဖွဲ့ (Special Task Force at Ratchamanu) အဖွဲ့သည် Ban Muen Ruechai၊ Phop Phra ခရိုင်၊ Tak ခရိုင်စသည့် ခရိုင်သုံးခရိုင်းအတွင်း စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် မြို့တွင်းသို့ ဝင်ရောက်လာသည့်  ပစ်ကပ်ကားတစ်စီးအား တားဆီးစစ်ဆေးကာ တရားမဝင် ဝင်လာသူများကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူမှာ သောင်ရင်းမြစ်ထဲကို ခုန်ချထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို တပ်မတော်တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးခဲ့ကြောင်းနှင့် သိမ်းဆည်းရမိသည့် ပစ်ကပ်ယာဉ်တစ်စီးနှင့် မြန်မာနိုင်ငံသား ၁၉ ဦး တို့ကို ယာဉ်နှင့်အတူ သက်ဆိုင်ရာရဲစခန်းသို့ပေးပို့ကာ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

Most Read

Most Recent