တိုင်းနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ ဖမ်းဆီးရမိ

တိုင်းနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ ဖမ်းဆီးရမိ
Published 14 June 2024

တိုင်းနှင့် ပြည်နယ်အချို့တွင် ကျပ်သိန်း ၂၆၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ ကျပ် ၄၁၉၆၂၁၇ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၉၂၂ တန်၊ သစ်မာ သုည ဒသမ ၃၉၀ တန်နှင့် အခြားသစ် ၇ ဒသမ ၁၂၈ တန် သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ ကျပ် ၁၅၀၀၀၀ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် သုည ဒသမ ၄၂၂ တန် သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်အထွက်စစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၁၈၄၇၀၀၀၀ ခန့်တန်ဖိုးရှိ Uniqlo ကျားဝတ် ဘောင်းဘီရှည်အထည် ၂၅၀၊ GAP ကျားဝတ်အကျႌ အထည် ၂၁၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုးနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီးနှင့် Toyota Probox တစ်စီး (ခန့်မှန်းကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မိုင်းပျဉ်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ကျပ် ၁၅၀၀၀၀၀၀ ခန့်တန်ဖိုးရှိ Chain Saw Blades ၄၅၀၀ ကီလိုဂရမ်နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းကျပ် ၃၂၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းကျပ် ၁၄၅၄၇၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၂ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Toyota Wish တစ်စီး၊ Toyota Noah တစ်စီးနှင့် Toyota Pajero တစ်စီး (ခန့်မှန်းကျပ် ၁၈၀၀၀၀၀၀) ကိုလည်းကောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Canda 125 လေးစီးနှင့် Kenbo 125 တစ်စီး (ခန့်မှန်းကျပ် ၂၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းကျပ် ၂၀၀၀၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၂ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်လမ်းဆုံ၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၁၅၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ လယ်ဝေးမြို့နယ်၌ ကျပ် ၈၃၃၈၃၆၅ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၁၂ ဒသမ ၄၅၇ တန်၊ အခြားသစ် ၃၃ ဒသမ ၇၀၉ တန် သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းကျပ် ၂၃၃၃၈၃၆၅ ခန့် သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၄၆၈၁၄၀၀၀ ခန့်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ ပိဿာ ၉၅၅၀ သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင် သရက်မြို့နယ် သရက်-အောင်လံ မြစ်ကူးတံတားအနီး၌ ယာဉ်တစ်စီးပေါ်မှ ကျပ် ၄၅၁၀၀၀၀ ခန့်တန်ဖိုးရှိ တရားမဝင်ရေနံစိမ်း ဂါလန် ၁၂၆၀ နှင့် Kawa တံဆိပ် အင်ဂျင်စက်တစ်လုံးနှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် Toyota Light Truck တစ်စီး (ခန့်မှန်းကျပ် ၁၈၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၂၂၅၁၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇွန် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှုဖြစ်ပြီး ကျပ် ၂၆၂၄၇၈၅၈၂ ခန့်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent