ရန္ကုန္တိုင္း တာေမြၿမိဳ႕နယ္တြင္ က်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၄၀ ကီလို ဖမ္းဆီးရမိ

ရန္ကုန္တိုင္း တာေမြၿမိဳ႕နယ္တြင္ က်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၄၀ ကီလို ဖမ္းဆီးရမိ
Published 11 June 2024

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ကျပ် ၁ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၀ ကီလို ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ မစုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ကျပ် ၁ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄ဝ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent