ရန်ကုန်၊ ပဲခူး၊ ကချင်ပြည်နယ်တို့တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ

ရန်ကုန်၊ ပဲခူး၊ ကချင်ပြည်နယ်တို့တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိ
Published 18 June 2024

ရန်ကုန်၊ ပဲခူး၊ ကချင်ပြည်နယ်တို့တွင် ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဇွန် ၁၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့ ရမ်ပူ-ကြက်ပေါင်ခြံလမ်းဆုံ၌ လိုင်စင်မဲ့ Toyota Corwn ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၈၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မိုင်းလားမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၃၇၁၄၀၀၀၀ ခန့်တန်ဖိုးရှိ တစ်ခါသုံးအိပ်ရာခင်း ၁၅၀၀ ကီလိုဂရမ်၊ လုပ်ငန်းသုံး Tubular Type Air Preheater အပူပေးစက်တစ်လုံးအပါအဝင် ကုန်ပစ္စည်းခြောက်မျိုး၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းကျပ် ၆၅၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၁၀၂၁၄၀၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ ကျပ် ၂၆၅၃၃၅၂ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၆၁၇ တန်၊ သစ်မာ ၁ ဒသမ ၈၀၉ တန် သစ်တောဥပဒေအရလည်းကောင်း၊ အင်းတကော်မြို့ ဘူးလယ်အင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Caldina ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၃၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် တောင်ငူခရိုင်အတွင်း၌ ကျပ် ၁၆၅၈၈၀၁ ခန့်တန်ဖိုးရှိ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၃၉၃ တန်၊ သစ်မာ ၃ ဒသမ ၂၂၅ တန်၊ အခြားသစ် သုညဒသမ ၄၇၉ တန် သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းကျပ် ၇၃၁၂၁၅၃ ခန့် သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဇွန် ၁၄ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲကိုးမှုဖြစ်ပြီး ကျပ် ၁၁၇၄၅၂၁၅၃ ခန့်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent