ပြည်မြို့တွင် တောင်ကျရေနှင့်အတူ မျောပါသွားသည့် ခုနစ်နှစ်အရွယ် မောင်ဖြစ်သူကို လိုက်ကယ်ရာမှ ၁၄ နှစ်အရွယ် အစ်မဖြစ်သူပါ သေဆုံး

ပြည်မြို့တွင် တောင်ကျရေနှင့်အတူ မျောပါသွားသည့် ခုနစ်နှစ်အရွယ် မောင်ဖြစ်သူကို လိုက်ကယ်ရာမှ ၁၄ နှစ်အရွယ် အစ်မဖြစ်သူပါ သေဆုံး
Published 28 August 2024

ပြည်မြို့တွင် တောင်ကျရေနှင့်အတူ မျောပါသွားသည့် ခုနစ်နှစ်အရွယ် မောင်ဖြစ်သူကို လိုက်ကယ်ရာမှ ၁၄ နှစ်အရွယ် အစ်မဖြစ်သူပါ သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ (ပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကောင်လေးက ရေထဲကို ထမင်းဘူးပြုတ်ကျလို့ လိုက်ဆယ်ရင်းနဲ့ ရေစီးနဲ့ပါသွားတာ။ အစ်မဖြစ်တဲ့သူက သူ့မောင်လေးကို လိုက်ဆယ်ရင်းနဲ့ နှစ်ယောက်စလုံးရေနစ်သွားတာ။ အသက်မမှီလိုက်ပါဘူး” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီ (ပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ် ၂၆ ရက် ညနေ ၄ နာရီကျော်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း (ပြည်ခရိုင်) ပြည်မြို့စက်မှုကွက်သစ် ဂန္ဓာမာဈေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းထံသို့ ဖုန်းဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက်ကာ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ပြုစုကူညီပေး၍ ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း မောင်နှစ်မနှစ်ဦးလုံး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

Most Read

Most Recent