အသက်ငါးနှစ်အောက်ကလေးငယ်များနှင့် အစားအစာဆင်းရဲချို့တဲ့မှုပြဿနာ

အသက်ငါးနှစ်အောက်ကလေးငယ်များနှင့် အစားအစာဆင်းရဲချို့တဲ့မှုပြဿနာ
Published 10 June 2024

“ဆိုးရွားတဲ့ ကလေးသူငယ် အစားအစာချို့တဲ့မှုဆိုတာ အစားအစာကို မသေရုံတမယ် မဝမလင်စား သုံးနေရတဲ့ ကလေးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ အဲဒီကလေးတွေဟာ အစာအုပ်စုနှစ်စု ဒါမှမဟုတ် တစ်စုလောက်ကို သာ စားသုံးနေရတာဖြစ်ပါတယ်“ဟု UNICEF ၏ လေ့လာချက်တစ်ခုကို ရေးသားခဲ့သည့် ဟာရီရတ် တော်လက်စီက ပြောကြားခဲ့သည်။

ငယ်ရွယ်သည့် ကလေးများအနေဖြင့် အဓိက အစားအစာအုပ်စု ရှစ်စုဖြစ်သည့် နို့၊ နှံစားသီးနှံ၊ အစေ့ အဆန်၊ နို့ထွက်ပစ္စည်း၊ အသားငါး၊ ဥအမျိုးမျိုး၊ ဗစ်တာမင်အေကြွယ်ဝစွာပါရှိသည့် သစ်သီးဝလံများနှင့် အခြားဟင်းသီး ဟင်းရွက်များထဲမှ  အစားအစာအုပ်စု ငါးစုခန့်ကို နေ့စဉ်စားသုံးရန် UNICEF က အကြံပြုထားသည်။

သို့သော် ကမ္ဘာတစ်ဝန်းရှိ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင်နေထိုင်သည့် အသက်ငါး နှစ်အောက် ကလေး ၄ သန်းခန့်သည် တစ်နေ့လျင် အစာအုပ်စု ငါးစုကို မျှတစွာမစားသောက်ရဘဲ အစားအစာ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်။

ထိုကလေးများအနက် ကလေး ၁၈၁ သန်းခန့်သည် အလွန်ဆိုးရွားသည့် အစားအစာဆင်းရဲချို့တဲ့မှုမှုဖြစ်သည့် အစာအုပ်စုနှစ်စုနှင့် နှစ်စုအောက်သာ စားသုံးနေရသည်။

“ကလေးတွေက တစ်ရက်ကို အစာအုပ်စုနှစ်စုလောက်သာ စားသောက်နေရပါတယ်။ ဥပမာပြောရရင် ဆန်နဲ့ နို့ ကိုသာ စားသောက်နေရတာပါ။ အဲဒါကြောင့် အလွန်ဆိုးရွားတဲ့ အာဟာရချို့တဲ့မှုဟာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပါတယ်”ဟု UNICEF အကြီးအကဲ ကက်သရင်း ရပ်ဆဲလ်က ပြောကြားခဲ့သည်။

အာဟာရချို့တဲ့မှုသည် ခန္ဓာကိုယ်ကို ပုံမှန်မဟုတ်ဘဲ ပိန်လှီချို့တဲ့ စေပြီး အသက်အန္တရာယ်စိုးရိမ်ရသည်။

“အဲဒီကလေးတွေ အသက်ရှင်ပြီး ကြီးပြင်းလာမယ်ဆိုရင်တောင်မှ သူတို့တွေဟာ ဖွံ့ဖြိုးဖို့ခက်ခဲပြီး စာ လည်း ကောင်းကောင်းသင်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အရွယ်ရောက်ချိန်မှာ ဝင်ငွေရှာရခက်ခဲပြီး ဆင်းရဲမွဲတေမှု သံသရာထဲမှာပဲ လှည့်လည်နေမှာဖြစ်ပြီး နောက်ထပ်ဆင်းရဲမွဲတေတဲ့ မျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေပါ လိမ့်မယ်”ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

“အာဟာရချို့တဲ့မှုကြောင့် ဦးနှောက်တွေ၊ နှလုံးတွေ၊ ကိုယ်ခံအား စနစ်တွေနဲ့ ခန္ဓာကိုယ်ရဲ့ အဓိကျတဲ့ စနစ်တွေဟာ အားနည်းနေပြီး ရောဂါတွေကို ကာကွယ်နိုင်စွမ်းလျော့ကျ နေလိမ့်မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အလွန်ဆိုးရွားသည့် ကလေးသူငယ် အစားအစာဆင်းရဲချို့တဲ့မှုသည် နိုင်ငံပေါင်း ၂၀ ခန့်တွင် အမြစ် တွယ်နေပြီး နိုင်ငံအလိုက်ကလေးစု စုပေါင်းအနက် အလွန်ဆိုးရွားသည့် အခြေအနေကို ရာခိုင်နှုန်းဖြင့်တွက် ကြည့်မည်ဆိုပါက ဆိုမာလီယာတွင် ၆၃ ရာခိုင်နှုန်း၊ ဂီနီတွင် ၅၄ ရာခိုင် နှုန်း၊ ဂီနီဘစ်ဆောတွင် ၅၃ ရာခိုင် နှုန်း၊အာဖဂန်နစ္စတန်တွင် ၄၉ ရာ ခိုင်နှုန်းရှိသည်။

ထို့ပြင် မကြာသေးမီသတင်းပတ်များအတွင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂအေဂျင်စီအချို့၏ ထုတ် ပြန်မှုများတွင်လည်း ဆူဒန်၊ ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံများတွင် ဆင်းရဲမွဲတေမှုများ မြင့်တက်လာပြီး အငတ်ဘေးအန္တရာယ်များကို သတိပေးခဲ့သည်။

ဆူဒန်တွင် စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဟမ်ဒန်ဒါဂလိုတို့အကြား စစ်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလျက်ရှိသည်။

ဆူဒန်နိုင်ငံတွင် ဒေသခံများသည် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုအတွင်း ပိတ်မိနေပြီး မိုးရာသီတွင် အထောက်အပံံ့များ ပိတ်ဆို့ခံထားရသဖြင့် လူပေါင်းလေးသန်းခန့်သည့် အငတ်ဘေး ကျရောက်မည့် အန္တရာယ် မြင့်တက်နေသည်ဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ကလီမန်တိုင်း အန်ကွီတာဆလာမီက သတိပေးခဲ့သည်။

ထို့ပြင် ဆာဟယ်ဒေသတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ချက်ချင်းဖြေရှင်းရမည်ဖြစ်ပြီး သို့မဟုတ်ပါက အခြားနိုင်ငံများပါ ထိုအကျပ်အတည်းအတွင်း ကျရောက်သွားနိုင် ပြီး ကမ္ဘာကြီးအတွက် ပြဿနာတစ်ခုဖြစ်လာလိမ့်မည်ဟုလည်း UNHCR က သတိပေးခဲ့သည်။                      Ref:AFP

Most Read

Most Recent