တရုတ်-‌မြောက်ကိုရီးယား ဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်နေကြောင်း တရုတ်ထိပ်သီးအရာရှိ ပြောကြား

တရုတ်-‌မြောက်ကိုရီးယား ဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်နေကြောင်း တရုတ်ထိပ်သီးအရာရှိ ပြောကြား
ပုံစာ- ဧပြီ ၁၁ ရက်က ပြုံယမ်းမြို့တော်သို့ ရောက်ရှိလာသည့် တရုတ်ထိပ်သီးလွွတ်တော်အမတ် ကြောင်းလီကျိ (လယ်-ဝဲ) နှင့် မြောက်ကိုရီးယားလွှတ်တော် အမြဲတမ်းကော်မတီဥက္ကဌ ချိုးရွန်ဟေး (ယာ) တို၌အား တွေ့ရစဉ် (Photo:AFP)
ပုံစာ- ဧပြီ ၁၁ ရက်က ပြုံယမ်းမြို့တော်သို့ ရောက်ရှိလာသည့် တရုတ်ထိပ်သီးလွွတ်တော်အမတ် ကြောင်းလီကျိ (လယ်-ဝဲ) နှင့် မြောက်ကိုရီးယားလွှတ်တော် အမြဲတမ်းကော်မတီဥက္ကဌ ချိုးရွန်ဟေး (ယာ) တို၌အား တွေ့ရစဉ် (Photo:AFP)
Published 15 April 2024

တရုတ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးများတွင် ကဏ္ဍသစ်ဖွင့်လှစ်နေကြောင်း တရုတ်၏ ထိပ်သီးလွှတ်တော်အမတ်တစ်ဦးနှင့် မြောက်ကိုရီးယား ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဧပြီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်၏ တတိယမြောက် ရာထူးအမြင့်ဆုံးအရာရှိဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ကျောင်းလီကျီသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်ပြည့် အထိန်းအမှတ်အဖြစ် မြောက်ကိုရီးယားသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်သည် မြောက်ကိုရီးယား၏ အရေးအကြီးဆုံး စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး သံတမန်မဟာမိတ်ဖြစ်သည်။ ထို့ပြင် တရုတ်သည် ရုရှားနှင့်အတူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အစိုးရ၏ လက်နက်စမ်းသပ်မှုများကို တုံပြန်သည့်အနေဖြင့် အမေရိကန်ဦးဆောင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများချမှတ်ရန် ကြိုးပမ်းမှုကို ကြားဝင်ဟန့်တားပေးခဲ့သည်။

ကျောင်းနှင့် မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ချုပ်၏ အမြဲတမ်းကော်မတီဥက္ကဌ ချိုးရွန်ဟေးသည် ဧပြီ ၁၂ ရက်က ပြုံယမ်းမြို့တော်တွင် ပြုလုပ်သည့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို ဂုဏ်ပြုသည့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်ဟု KCNA ကဖော်ပြခဲ့သည်။

ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းအဖြစ်ကြောင်းက တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးကို ခိုင်မာတိုးတက်မှု ရှိစေရန်နှင့် အောင်မြင်စွာကာကွယ်ရေးသည်  တရုတ်၏စဉ်ဆက်မပြတ် မဟာဗျူဟာမြောက်မူဝါဒဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချိုးကလည်း နှစ်နိုင်ငံ ဆက်ဆံရေးများသည် အမြော်အမြင် ပြည့်ဝသည့် ခေါင်းဆောင်မှုများအောက်တွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

Ref:AFP

 

Most Read

Most Recent