ဟာလန်းအပေါ် ရွိုင်ကင်းပြောဆိုခဲ့သည့်မှတ်ချက်ကို သဘောမတူဟု ဂွါဒီယိုလာ ပြောကြား

ဟာလန်းအပေါ် ရွိုင်ကင်းပြောဆိုခဲ့သည့်မှတ်ချက်ကို သဘောမတူဟု ဂွါဒီယိုလာ ပြောကြား
Photo: X
Photo: X
Published 4 April 2024

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတိုက်စစ်မှူး ဟာလန်းအပေါ်  မန်ယူဂန္ထဝင် ရွိုင်ကင်း ပြောဆိုခဲ့သည့်မှတ်ချက်အား သဘောမတူကြောင်း ပြောကြားခဲ့သည်။

မန်စီးတီး (၀-၀) အာဆင်နယ်ပွဲအပြီးတွင် ရွိုင်ကင်းက ဟာလန်းသည် League Two ကစားသမားအဆင့်သာရှိသည်ဟု ဝေဖန်ခဲ့သည်။

ယင်းဝေဖန်မှုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက ''ရွိုင်ကင်းရဲ့မှတ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ ဒါဟာ ကျွန်တော်က ရွိုင်ကင်းကို League Two ဒါမှမဟုတ် League Three နည်းပြအဆင့်ပဲ ရှိတယ်လို့ပြောသလိုပါပဲ။ ဒါကမဟုတ်ဘူးလေ''ဟုဆိုခဲ့သည်။

Most Read

Most Recent