စီးရီးအေ နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 1 April 2024

ဘိုလော့ဂ်နာ နှင့် ဆလာနီတာနာ (မြန်မာစံတော်ချိန် တနင်္လာညနေ ၅းဝ၀ နာရီ)

ဘိုလော့ဂ်နာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နေပြီ။ ဆလာနီတာနာကတော့ တန်းပြန်ဆင်းရမယ့်အသင်းဖြစ်ပြီး တကယ်ကို ဆိုးရွားလွန်းပါတယ်။ ဘိုလော့ဂ်နာ ဂိုးပြတ်နိုင်လိမ့်မယ်။

ကာဂလီယာရီ နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် တနင်္လာည ရး၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး လက်ရှိခြေစွမ်းကို ကြည့်ရင်လည်း ကွာဟချက်သိပ်မရှိဘူး။ အိမ်ရှင်အားသာချက်ရှိတဲ့ ကာဂလီယာရီကို ကြိုက်တယ်။ (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင်ပါတယ်။

ဆာဆူအိုလို နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ရး၃၀ နာရီ)

ဆာဆူအိုလိုက စိုးရိမ်စရာအနေအထားကို ရောက်နေပြီ။ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ရမှတ်တွေလိုအပ်နေပြီ။ အူဒီးနီးစ်ကတော့ အဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့လို အသင်းတွေကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဆာဆူအိုလိုကို ရွေးချယ်ချင်တယ်။

လက်ချီ နှင့် ရိုးမား (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)

ရိုးမားက ဒီရော့ဆီလက်ထက်မှာ အထင်ကြီးစရာအရမ်းကောင်းလာတယ်။ ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲတွေမှာ တောက်လျှောက်ရလဒ်ကောင်းတွေ ယူနေတယ်။ လက်ချီက သာမန်ထက်မပိုတဲ့အသင်းပါ။ ရိုးမားအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ကိုပဲ စောင့်ကြည့်ရမယ်။

အင်တာမီလန် နှင့် အမ်ပိုလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အမ်ပိုလီက တန်းဆင်းဇုန်ဖိအားရှိနေပေမဲ့ အင်တာမီလန်ကို ယှဉ်နိုင်ဖို့တော့ မရှိပါဘူး။ အင်တာမီလန်က စီးရီးအေမှာ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးပြသထားတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီဖြစ်တာကြောင့်လည်း ပြည်တွင်းပြိုင်ပွဲတွေမှာ အင်တာမီလန်အသင်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ အင်တာမီလန် အနည်းဆုံး (၂) ဂိုးပြတ်လောက်နဲ့ နိုင်မယ်။

ဗီလာရီးယဲလ် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုတို့ လာလီဂါဘက်မှာ ကစားပုံပြန်လျော့သွားသလိုပါပဲ။ အထူးသဖြင့် ဆာဗစ် ဦးဆောင်နေတဲ့ခံစစ်ပိုင်းက သိပ်ပြီးအားရစရာမရှိဘူး။ အဝေးကွင်းဆိုရင် ပိုဆိုးတယ်။ ဗီလာရီးယဲလ်ကတော့ ခုနောက်ပိုင်းခြေပြန်တွေ့နေတယ်။ ခံစစ် နည်းနည်းလိုသေးပေမယ့် တိုက်စစ်ပိုင်းက သိသိသာသာတက်လာနေတယ်။ အိမ်ကွင်းဆိုရင်လည်း ဂိုးတွေပိုရတတ်လို့ အက်သလက်တီကိုရဲ့အားနည်းနေတဲ့ခံစစ်ကိုကောင်းကောင်းဖိအားပေးနိုင်မှာပါ။ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။

Most Read

Most Recent