ရိုးမားပရိသတ်များသည် ၎င်းတို့ပရိသတ်များကို အရာဝတ္ထုများဖြင့်ပစ်ပေါက်ခဲ့ကြောင်း UEFA နှင့် အီတလီရဲများကို ဘရိုက်တန်အသင်း တိုင်ကြား

ရိုးမားပရိသတ်များသည် ၎င်းတို့ပရိသတ်များကို အရာဝတ္ထုများဖြင့်ပစ်ပေါက်ခဲ့ကြောင်း UEFA နှင့် အီတလီရဲများကို ဘရိုက်တန်အသင်း တိုင်ကြား
Photo: talkSPORT
Photo: talkSPORT
Published 10 March 2024

 

ဘရိုက်တန်အသင်းက ကြာသပတေးညက ရိုမားအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အိမ်ရှင် ရိုးမားပရိသတ်များသည် အဝေးကွင်းသို့ လာရောက်အားပေးခဲ့သည့် မိမိတို့အသင်း၏ပရိသတ်များကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ယင်းအတွက် အ ရေးယူပေးရန် UEFA နှင့် အီတလီရဲများကို တိုင်ကြားခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

မတ်လ ၇ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ရိုးမားအသင်း၏ အိမ်ကွင်း အိုလံပီကိုတွင် ကစားခဲ့သည့်ပွဲတွင် ဘရိုက်တန်အသင်းသည် အိမ်ရှင် ရိုးမားအသင်းကို (၀-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ 

အဆိုပါ ပွဲကစားနေစဉ်အတွင်း ပထမပိုင်းအပြီးတွင် ဘရိုက်တန်အသင်းသည် လူမှုကွန်ရက်တစ် ခုဖြစ်သည့် X တွင် ၎င်းင်းတို့အသင်းပရိသတ် များသည် အိမ်ရှင် ရိုးမားအသင်းပရိသတ်များ ၏ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းကို ခံနေရကြောင်းနှင့် ယင်းအတွက် အရေးယူပေးရန် UEFA နှင့် အီတလီရဲများကို ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဘရိုက်တန်အသင်း၏ ထုတ်ပြန်ချက်တွင် "အိမ်ကွင်းပရိသတ်များသည် အဝေးကွင်းပရိသတ်များ ရှိနေသည့်ဘက်ခြမ်းသို့ ရေဘူးများ၊ အကြွေစေ့များ၊ မီးခြစ်များဖြင့် ပစ်ပေါက်မှုများရှိနေကြောင်း၊ ယင်းဖြစ်ရပ်ကို UEFA နှင့် အီတလီရဲများထံ တင်ပြထားပြီး ချက်ချင်းအရေးယူပေးရန် တောင်းဆိုထားကြောင်း" ဖော်ပြပါရှိသည်။ 

ဘရိုက်တန်ပရိသတ်များဖြင့် ရောမမြို့တွင် ယင်းကဲ့သို့တိုက်ခိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ  ရိုးမား (၄-၀) ဘရိုက်တန်ပွဲမတိုင်မီ ဘရိုက်တန်ပရိသတ်နှစ်ဦးမှာ မျက်နှာဖုံးစွပ်ထားသည့် ဂိုဏ်းတစ်ခု၏ တိုက်ခိုက်လုယက်ခြင်းကို ခံခဲ့ရပြီး အသေးစားဓားဒဏ်ရာများ ရရှိခဲ့ကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent