ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်အပေါ် အမေရိကန်၏ဝေဖန်မှုကိုတရုတ် တုံ့ပြန်

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်အပေါ် အမေရိကန်၏ဝေဖန်မှုကိုတရုတ် တုံ့ပြန်
■ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို မတ်လ ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့စဉ် ဓာတ်ပုံ- AFP
■ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို မတ်လ ၁၉ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့စဉ် ဓာတ်ပုံ- AFP
Published 21 March 2024
Ref: Reuters

ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုခဲ့သည့် ဟောင်ကောင်အမျိုးသားလုံ ခြုံရေးဥပဒေသစ်အား အမေရိကန်က မတရားသဖြင့် ရှုတ်ချဝေဖန်ခြင်းနှင့် သားပုပ်လေလွင့် စွပ်စွဲပြောဆိုခြင်းများကို ပြင်းပြင်းထန် ထန် ကန့်ကွက်ကြောင်း တရုတ်က မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အနေဖြင့် တရုတ်၏ အချုပ်အခြာအာဏာကို လေးစားမှုရှိရန်နှင့် မိမိတို့၏ ပြည်တွင်းရေး တွင် ကြားဝင်နှောင့်ယှက်မှုများကို ချက်ချင်း ရပ်တန့်ရန် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့ သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ ဗီဒန့်ပါတဲလ်က ဟောင်ကောင်၏ အမျိုးသားလုံခြုံရေး ဥပဒေ ကြမ်းအသစ်သည် တစ်ချိန်က လွတ်လပ်ပွင့် လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ်အား ပိတ် ပင်မှုကို ပိုမိုမြန်ဆန်စေမည့် အလားအလာရှိ နေသည်ဟု မတ်လ ၁၉ ရက်က ပြောကြားခဲ့ သည်။

ယင်းဥပဒေကြမ်းတွင် ပြဋ္ဌာန်းထား သည့် ပြစ်မှုများသည် ရေရာပြတ်သားမှုမရှိ သကဲ့သို့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထား ခြင်းလည်း မရှိကြောင်းနှင့် အမေရိကန်နိုင်ငံ သားများနှင့် အမေရိကန်၏ အကျိုးစီးပွားများ ကို အန္တရာယ်ပေးနိုင်သည့် အလားအလာရှိ နေသည်ဟု သုံးသပ်ကြောင်း ပါတဲလ်က ပြော ကြားသည်။

ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂကလည်း စိုးရိမ်ကြောင်း  အ သီးသီးပြောဆိုထားသည်။  

 

 

Most Read

Most Recent