ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲကိုအဆုံးသတ်ရန် အချိန်တန်နေပြီဟု ဥရောပသမဂ္ဂ (အီးယူ) အဓိက လက်ဝဲရေး နိုင်ငံရေးအုပ်စု၏အကြီးအကဲ ပြောကြား

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲကိုအဆုံးသတ်ရန် အချိန်တန်နေပြီဟု ဥရောပသမဂ္ဂ (အီးယူ) အဓိက လက်ဝဲရေး နိုင်ငံရေးအုပ်စု၏အကြီးအကဲ ပြောကြား
Euroapean Newsroom နှင့်အင်တာဗျူးလုပ်နေသည့် ဝေါလ်တာဘိုင်ယာကို မတ် ၁၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Euroapean Newsroom နှင့်အင်တာဗျူးလုပ်နေသည့် ဝေါလ်တာဘိုင်ယာကို မတ် ၁၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 19 March 2024

ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ်ပွဲကိုအဆုံးသတ်ရန် အချိန်တန်နေပြီဟု ဥရောပသမဂ္ဂ(အီးယူ)အဓိက လက်ဝဲရေး နိုင်ငံရေးအုပ်စု၏အကြီးအကဲက ပြောကြားခဲ့ရာ အလံဖြူထောင်ရေးအတွက် ယူကရိန်းကို ပုပ်ရဟန်းမင်းကြီး၏အငြင်းပွာ ဖွယ်တောင်းဆိုမှုအား ထောက်ခံသည့်သဘောဖြစ်လာသည်။

“ယူကရိန်းပြည်သူတွေကို ကူညီတာဟာစစ်ပွဲပြီးဆုံးသွားစေဖို့ အခုကြိုးပမ်းနေတာ တွေဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အသက် ၇၀ နှစ်ရှိ သြစတြီးယားနိုင်ငံသား ဝေါလ်တာဘိုင်ယာက ပြောကြားခဲ့သည်။ ဝေါလ်တာဘိုင်ယာသည် နောက်လာမည့် ဥရောပကော်မရှင်ကို ဦးဆောင်ရန် ဥရောပလက်ဝဲပါတီက လွန်ခဲ့သောလတွင် ရွေးချယ်ခဲ့သောကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ဘိုင်ယာ၏ပါတီသည် ဇွန်လ၏ ဥရောပရွေးကောက်ပွဲများအတွက် ပါတီ၏မူဝါဒကြေညာစာတမ်းတွင် ရုရှားကျူးကျော်မှုကို အကြွင်းမဲ့ ဆန့်ကျင်ခဲ့သည်။ ၎င်း၏ပါတီတွင် ပါတီဝင်များအဖြစ် ဂျာမနီ၏ Die Linke က ပါတီဝင်များ၊ ပြင်သစ်၏ ကွန်မြူနစ်များ၊ ဂရိ၏ဆိုင်ရီဇာပါတီ အဖွဲ့ဝင်များပါဝင်သည်။

အေအက်ဖ်ပီအပါအဝင် သတင်းဌာနများပါဝင်သော Euroapean Newsroom နှင့်ပူးတွဲအင်တာဗျူးတွင် ၎င်းက စစ်ပွဲ၏ အေးခဲနေသော ရှေ့တန်းစစ်မျက်နှာများသည် ချဉ်းကပ်နည်းအသစ်လိုအပ်နေသည်ဟု ပြော ကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေး ထမြောက်အောင်မြင်ဖို့နဲ့ရုရှားတပ်သားတွေ ရုပ်သိမ်းဖို့ ဆွေးနွေးတာတွေ စတင်လုပ် ဆောင်ရေးအတွက် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကိုဆောင်ရွက်ဖို့ ဥရောပသမဂ္ဂမှတစ်ဆင့် ကျွန်တော်ဆန္ဒပြုပါမယ်”ဟု ဘိုင်ယာက ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ပြောခဲ့တာတွေကို ကျွန်တော်အပြည့်အဝထောက်ခံပါတယ်။ စစ်ပွဲကို အဆုံးသတ်ဖို့ အခုအချိန်ကျနေပါပြီ။  ဆွေးနွေးဖို့အချိန်တန်နေပါပြီ။ သတ်ဖြတ်တာတွေရပ်ဖို့ အချိန် ကျနေပါပြီ”ဟု သြစတြီးယား ကွန်မြူနစ်ပါတီ၏ အကြီးအကဲဟောင်းဘိုင်ယာက ပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စေ့စပ်ဆွေး‌နွေးသင့်သည်ဟု ဆွစ်ဇာလန်ရုပ်သံလွှင့်ဌာန RTS နှင့် အင်တာ‌ဗျူးတွင် အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြောကြားခဲ့ပြီး ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟု ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး၏ဆော်သြမှုကို ယူကရိန်းက ပယ်ချခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ မတ် ၁၁ ရက်တွင် ယူကရိန်းက ဗာတီကန်သံတမန်ကို ကိယက်ဗ်မြို့သို့ ဆင့်ခေါ်ခဲ့သည်။ အလံဖြူထောင်ရန် စဉ်းစားသင့်သည်ဟု ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏စကားက ယူကရိန်းကို ဒေါသထွက်စေခဲ့သည်။

ယူကရိန်းအတွက် အနောက်အုပ်စု၏ ထောက်ပ့ံမှုလျော့နည်းလာခြင်းက ရုရှားသမ္မတဗလာဒီမာပူတင်ကို အတင့်ရဲလာစေခဲ့ပြီး ယူကရိန်းကလည်း ပိုင်နက်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရေးအတွက် ဆက်လက် တိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ထားခြင်းနှင့်အတူ ယူကရိန်းစစ်ပွဲပြီးဆုံးစေရေးအတွက် ဆွေးနွေးပွဲများ လုပ်ဆောင်မည့် အလားအလာများကို မမြင်ရဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။                                                    

Ref: AFP

Most Read

Most Recent