တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သင်္ဘောများ ဝင်တိုက်မိသဖြင့် ဖိလစ်ပိုင်အမှုထမ်းလေးဦး ဒဏ်ရာရရှိ

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သင်္ဘောများ ဝင်တိုက်မိသဖြင့် ဖိလစ်ပိုင်အမှုထမ်းလေးဦး ဒဏ်ရာရရှိ
ဖေဖော်ဝါရီ ၂၂ ရက်က ဖိလစ်ပိုင်သင်္ဘောအနီးမှ ခုတ်မောင်းသွားသည့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်းကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂၂ ရက်က ဖိလစ်ပိုင်သင်္ဘောအနီးမှ ခုတ်မောင်းသွားသည့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်းကို တွေ့ရစဉ်(Photo: AFP)
Published 5 March 2024

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်တို့၏ ကမ်းခြေစောင့်တပ်သင်္ဘောများ ဝင်တိုက်မိခဲ့ပြီး ဖိလစ်ပိုင်ဘက်မှ အမှုထမ်းလေးဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ရန်စမှုများနှင့်ပတ်သက်၍ သတိပေးဖွယ်ရှိသည့် အာဆီယံ-သြစတြေးလျ အထူးအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များတက်ရောက်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများနှင့် ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် သသင်္ဘောများက ပိုင်နက်အငြင်းပွား Second Thomas သောင်ခုံနှင့် မလှမ်းမကမ်းတွင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောများနှင့် ထောက်ပို့သင်္ဘောများကို ပိတ်ဆို့ဟန့်တားခဲ့ပြီး အန္တရာယ်ရှိသည့် လုပ်ရပ်များကို လုပ် ဆောင်ခဲ့ခြင်းကြောင့် တရုတ်သင်္ဘောများနှင့် ဖိလစ်ပိုင်သင်္ဘောနှစ်စင်းတို့ ဝင်တိုက်မိသည့် အသေးစားဖြစ်စဉ်နှစ်ခုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူများကဆိုသည်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်၏ BRP Sindangan စစ်သင်္ဘောသည် မတ်လ ၅ ရက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်ကြောင့် အသေးစားထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တစ်နာရီအကြာတွင် နောက်ထပ် တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က လိုက်ပါစောင့်ရှောက်ပေးနေသည့် ထောက်ပို့သင်္ဘောတစ်စင်းကို ဟန့်တားရာ၌ ဝင်တိုက်မိခဲ့ကြောင်း ဖိလစ်ပိုင်ဘက်က ပြောကြားသည်။

ထို့နောက် ဖိလစ်ပိုင်ရေတပ်အမှုထမ်းများ လိုက်ပါလာသည့် ယင်းထောက်ပို့သင်္ဘောအား တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်းက မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့်အတွက် လေကာမှန်ပျက်စီးကာ ဖိလစ်ပိုင်အမှုထမ်းလေးဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရ၏ နယ်မြေအငြင်းပွားမှု များဆိုင်ရာဖြေရှင်းရေး အထူးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်၏လုပ်ရပ်များသည် ဖိလစ်ပိုင်၏ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် အမှုထမ်းများ အလှည့်ကျချထားရေးမစ်ရှင်ကို တရားမဝင်ဟန့်တားနှောင့်ယှက်ရန် ထပ်မံကြိုးပမ်းမှုဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောကြားသည်။

Second Thomas သောင်ခုံ၏ ရေတိမ်ပိုင်းတွင် ရပ်နားထေားသည့် ဖိလစ်ပိုင်၏ BRP Sierra Madre ဟုအမည်ရသည့် သံချေးတက်နေသော စစ်သင်္ဘောပေါ်မှ ဖိလစ်ပိုင် မရိန်းတပ်ဖွဲ့နှင့် ရေတပ်တပ်ဖွဲ့ဝင်အချို့က   အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

ဖိလစ်ပိုင်သည် Second Thomas သောင်ခုံကို ပိုင်ဆိုင်ကြောင်းကြေညာထားခြင်းကို ပိုမိုခိုင်မာစေရန်အတွက် ၁၉၉၉ ခုနှစ်က ၎င်းသောင်ခုံအနီးတွင် အဆိုပါစစ်သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ ဆိုက်ကပ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသည် တောင်တရုတ်ပင်လယ်ရှိ စပရတ်တလေကျွန်းစုတွင် ပါဝင်သည့် ရေဖုံးလွှမ်းနေသော သောင်ခုံတစ်ခုဖြစ်သည်။

ဖိလစ်ပိုင် အနောက်ဘက်ကမ်းလွန်၌ တည်ရှိသည့် ယင်းသောင်ခုံကို ၎င်းတို့ပိုင်ဆိုင်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့်အခြားသင်္ဘောများကို ယင်းသောင်ခုံအနီးတွင် ဖြန့် ကြက်ထားကာ ၎င်း၏ပြောကြားချက်ကို ပိုမိုခိုင်မာစေရန်နှင့် ဖိလစ်ပိုင်ဘက်က Sierra Madre စစ်သင်္ဘောအား ပြင်ဆင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများပို့ဆောင်ခြင်းကိုတားဆီးရန် လုပ်ဆောင်လျက်ရှိသည်။ယမန် နှစ်က ယင်းသောင်ခုံတစ်ဝိုက်တွင် တရုတ်နှင့်ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘောများ အကြား တင်းမာမှုဖြစ်ပွားခဲ့သည်။

Ref: AP

Most Read

Most Recent