ခရီးစဉ်အလယ်တွင် လေယာဉ်မှူးနှစ်ဦးစလုံး အိပ်ပျော်သွားမှုကြောင့် အင်ဒိုနီးရှားလေကြောင်းလိုင်း Batik Air စစ်ဆေးခံနေရ 

ခရီးစဉ်အလယ်တွင် လေယာဉ်မှူးနှစ်ဦးစလုံး အိပ်ပျော်သွားမှုကြောင့် အင်ဒိုနီးရှားလေကြောင်းလိုင်း Batik Air စစ်ဆေးခံနေရ 
Published 12 March 2024

လေယာဉ်ပျံသန်းနေရင်း လေယာဉ်မှူးနှစ်ဦးစလုံး အိပ်ပျော်သွားသည့်ဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားအာဏာပိုင်များက ပြည်တွင်းလေကြောင်းလိုင်း Batik Air ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဇန်နဝါရီ ၂၅ ရက်က ဆူလာဝေစီကျွန်းမှ  မြို့တော်ဂျာကာတာသို့သွားသည့်ခရီးစဉ်အတွင်း လေယာဉ်မှူးနှစ်ဦးစလုံး  ၂၈ မိနစ်ကြာအိပ်ပျော်သွားခဲ့ပြီး နှစ်ဦးစလုံးတာဝန်မှဆိုင်းငံ့ခံထားရသည်။ လေယာဉ်မှူး တစ်ဦးကမူ မွေးကင်းစအမြွာနှစ်ဦးကို ကူထိန်းပေးရသည့်အတွက် ပင်ပန်းနေသည်ဟု သိရသည်။

လေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံးပေါင်း ၁၅၃ ဦးလိုက်ပါလာပြီး ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ပြေးလမ်းချော်ခဲ့သော်လည်း ကံကောင်းစွာဖြင့်  အန္တရာယ်ကင်းကင်း ဆင်းသက်နိုင်ခဲ့သည်။

လေယာဉ်ပျံတက်ပြီးနာရီဝက်ခန့်အကြာတွင် အသက် ၃၂ နှစ်အရွယ်လေယာဉ်မှူးက နားဦးမည်ဟုဆိုကာ အသက် ၂၈ နှစ်အရွယ်ပူးတွဲ လေယာဉ်မှူးအား လေယာဉ်ကိုထိန်းခိုင်းခဲ့သည်။ပူးတွဲလေယာဉ်မှူးကလည်း သဘောတူခဲ့သည်။သို့သော်သူပါ အိပ်ပျော်သွားသည်။  

ယင်းလေယာဉ်မှ နောက်ဆုံးဆက်သွယ်မှုရ ပြီးနောက်ဂျာကာတာလေကြောင်းထိန်းချုပ်ရေးအဖွဲ့က လေယာဉ်မှူးအခန်းကို ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှုမရတော့ပေ။ 

တုံ့ပြန်မှုက ၂၈ မိနစ်တန့်ခဲ့ပြီး ပင်မလေယာဉ်မှူးနိုးလာပြီးမှ လေယာဉ်အနည်းငယ် ပြေးလမ်းချော်နေသည်ကို သိခဲ့ရသည်။

Ref: BBC

Most Read

Most Recent