မည်သည့်နည်းပြနှင့်မျှ မိမိတို့ ဆွေးနွေးမှု မရှိသေးဟု ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ဆို

မည်သည့်နည်းပြနှင့်မျှ မိမိတို့ ဆွေးနွေးမှု မရှိသေးဟု ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ဆို
Photo: X
Photo: X
Published 11 March 2024

ဘိုင်ယန်မြူးနစ်အသင်း၏ အားကစားဒါရိုက်တာအသစ်ဖြစ်သူ မက်စ်အီဘာလ်က မိမိတို့အနေဖြင့် မည်သည့်နည်းပြနှင့်မျှ ဆွေးနွေးမှုမရှိသေးဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီကုန်တွင် လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်နှင့် လမ်းခွဲမည်ဖြစ်၍ အစားထိုးရန် နည်းပြသစ်ရှာဖွေနေရာ လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆိုကို ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သတင်းထွက်နေသည်။

မက်စ်အီဘာလ်ကမူ ''ဘယ်သူနဲ့မှ ကျွန်တော်တို့ စကားမပြောရသေးပါဘူး။ တခြားအသင်းက နည်းပြတွေအကြောင်းလည်း မပြောချင်ပါဘူး။ ကျွန်တော်တို့ လေးစားမှုရှိပါတယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent