■ ဗာရီလာကို လီဗာပူးလ်နှင့် PSG တို့ အပြိုင်ကြိုးပမ်းနေ     

■ ဗာရီလာကို လီဗာပူးလ်နှင့် PSG တို့ အပြိုင်ကြိုးပမ်းနေ     
Photo: Marca
Photo: Marca
Published 8 March 2024

ပေါ်တိုအသင်းတွင် ခြေစွမ်းပြနေသည့် အာဂျင်တီးနားကွင်းလယ်ကစားသမား အလန်ဗာရီလာကို ခေါ်ယူရန် လီဗာပူးလ်နှင့် PSG အသင်းတို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရသည်။ 

ဗာရီလာ(၂၂ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ ဘိုကာဂျူနီယာမှ ပေါ်တိုသို့ ရောက်ရှိခဲ့သူဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုထားသည်။ 

ပေါ်တိုအသင်းက ၎င်းကို ယူရိုသန်း(၇၀)တန် လျော်ကြေးစာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။ 

ဗာရီလာအား ခေါ်ယူရန် လီဗာပူးလ်၊ PSG တို့နှင့် အတူ ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

Most Read

Most Recent