ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာ

ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာ
Published 22 February 2024

ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံ တစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး မှူးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုလသမဂ္ဂ ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ လူဦးရေ ၂ ဒသမ ၄ သန်းနီးပါး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဆိုးရွားလာသည့် အခြေအနေများနှင့်အတူ နိုင်ငံအနှံ့အပြား၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုး လာနေသော်လည်း ဝင်ရောက်ကူညီခွင့်ကန့် သတ်ချက်များရှိနေကြောင်း UNOCHA က ထုတ်ပြန်သည့် အာရှနှင့်ပစိဖိတ်ဒေသ - အ ပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ် (၁၃-၁၉ ဖေဖော်ဝါရီ ၂၀၂၄) တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အပစ် အခတ်ရပ်စဲထားမှုကြောင့် ၂၀၂၃ နှစ်ကုန် ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစု နေရပ်သို့ ပြန်နိုင်ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်း တိုက် ပွဲများ ပြင်းထန်ချိန်ကတည်းက ထွက်ပြေးခဲ့ ရသည့် အိုးအိမ်စွန့်ခွာရသူ ၂၃၀၀၀ နီးပါးမှာ  မြို့နယ် ၁၅ မြို့နယ်အတွင်း နေရာ ၁၄၁ ခု၌ ရှိနေကြဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင် ပိုင်းဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ် ခတ်မှုတွေအပါအဝင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခြင်းကြောင့် အရပ်သားများ၏ဘေး ကင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီး အိုးအိမ် စွန့်ခွာထွက်ပြေးရမှုများကို ဖြစ်စေကြောင်း UNOCHA က ထုတ်ပြန်သည့် အာရှနှင့်ပစိ ဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေများ အကျဉ်းချုပ် (၁၃-၁၉ ဖေဖော်ဝါရီ ၂၀၂၄) တွင် ဖော်ပြထား ချက်အရ သိရသည်။

Most Read

Most Recent