ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် လာရောက်လည်ပတ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် လာရောက်လည်ပတ်
Photo:Reuters
Photo:Reuters
Published 21 February 2024

အကျဉ်းချခံထားရခြင်းမှ ယခုသီတင်းပတ်ထဲတွင် ပြန်လွတ်လာသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် လာရောက်လည်ပတ်ခဲ့သည်။

သက်ဆင်တစ်ယောက် ဆန္ဒအလျောက် တိုင်းပြည်မှခွဲခွာနေထိုင်ခဲ့သော ၁၅ နှစ်တာ ကာလအတွင်း ဟွန်ဆန်သည် လုပ်ငန်းရှင်သူဌေးကြီး သက်ဆင်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်ခဲ့သည်။

ကမ္ဘောဒီးယား၏ အာဏာရှင်အဖြစ် တရားမဝင်ဘွဲ့အမည်ခံယူထားသော နိုင်ငံရေးသြဇာရှိသူ ဟွန်ဆန်သည် နှစ်ပေါင်းလေးဆယ်နီးပါး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဖြစ်ခဲ့သူဖြစ်သည်။ ဟွန်ဆန်သည် လွန်ခဲ့သောနှစ်တွင် ဝန်ကြီးချုပ်ရာထူးကို သားဖြစ်သူထံ လွှဲပေးခဲ့သည်။

ဟွန်ဆန်သည် ပြည်ပြေးဘဝဖြင့် နေထိုင်နေသော ဘီလျံနာ သက်ဆင်ကို ခိုလှုံခွင့်ပေးခဲ့သည့်အပြင် သက်ဆင်ကို အထူးအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့အပြင် သက်ဆင်ကို ကမ္ဘောဒီးယားနိုင်ငံသို့ မကြာမကြာ လာခွင့်ပေးခဲ့ပြီး မိတ်ဆွေများနှင့် တွေ့ခွင့်ပေးခဲ့သည်။ ထိုလုပ်ရပ်များက သက်ဆင်၏ပြိုင် ဘက်များကို စိတ်ပျက်စေခဲ့ပြီး အိမ်နီးချင်းနိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဟု ရှုမြင်ခံခဲ့ရသည်။

သက်ဆင်သည် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ကာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြစ်ဒဏ်မစေ့မီ ပြန်လွတ်လာသူဖြစ်သည်။  သက်ဆင်သည် ကျန်းမာရေးမကောင်းသူ ဖြစ်သည်ဟု သူ့အား သွားရောက်တွေ့ဆုံခဲ့သော အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သက်ဆင်သည် လက်တွန်းလှည်းဖြင့် သွားနေရပြီး လည်ပင်းတွင် လည်ပတ်စီးထားရကာ လက်ကိုလည်း သိုင်းထားရသည်။

Ref:Reuters

 

         

         

Most Read

Most Recent