မော်စကိုဂီတခန်းမ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပူတင်သည် နာကျင်ခံစားခဲ့ရကြောင်း ကရင်မလင် ပြောကြား

မော်စကိုဂီတခန်းမ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပူတင်သည် နာကျင်ခံစားခဲ့ရကြောင်း ကရင်မလင် ပြောကြား
မတ် ၂၅ ရက်က မော်စကိုမြို့တော်အပြင်ဘက် Novo- Ogaryovo သမ္မတနေအိမ်တွင် Crocus City ခန်းမတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး  တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များအတွက်  တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်နေသည့် ပူတင်ကို တွေ့ရစဉ်
မတ် ၂၅ ရက်က မော်စကိုမြို့တော်အပြင်ဘက် Novo- Ogaryovo သမ္မတနေအိမ်တွင် Crocus City ခန်းမတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး  တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များအတွက်  တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်နေသည့် ပူတင်ကို တွေ့ရစဉ်
Published 31 March 2024

ပြီးခဲ့သည့်သီတင်းပတ်က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဂီတခန်းမပစ်ခတ်မှုဖြစ်စဉ်ကြောင့် သမ္မတ ဗလာဒီမာပူတင်သည် အပြင်ပန်းအားဖြင့် ခံစားချက်ကို ထုတ်ဖော် မပြခဲ့သည့်တိုင် နာကျင်ခံစားခဲ့ရသည်ဟု က ရင်မလင်နန်းတော်က မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မော်စကိုမြို့တော်ဆင်ခြေဖုံးရှိ Crocus City ခန်းမကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၄၄ ဦးသေဆုံး ကာ လူပေါင်းရာချီ ဒဏ်ရာရရှိခဲ့ပြီးနောက် သီတင်းတစ်ပတ်ကျော်ကြာသည်အထိ ပူတင်သည် ထိုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ များနှင့် လူသိရှင်ကြားတွေ့ဆုံခဲ့ခြင်း သို့မဟုတ် တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုခြင်းတို့ မပြုလုပ်ခဲ့ပေ။

ဥရောပသမဂ္ဂနှင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ သံတမန်များက ထိုတိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးသွားသူ များအတွက် ယာယီပြုလုပ်ထားသည့် ဝမ်းနည်းအောင့်မေ့ဖွယ်နေရာသို့ မတ် ၃၀ ရက်တွင် သွားရောက်ခဲ့ကြသည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကမူ ပူတင်သည် ထိုဝမ်းနည်းဖွယ်အခြေအနေကို သူ့နည်းသူ့ဟန်ဖြင့် ဖြေ ရှင်းခဲ့ရကြောင်း နိုင်ငံပိုင်ရုပ်သံမှ သတင်းထောက်တစ်ဦးကို ပြောကြားခဲ့သည်။

“ကျွန်တော်ပြောတာ ယုံပါ။ ခင်ဗျားအနေနဲ့ သူ့မျက်နှာပေါ်မှာ မျက်ရည်တွေကို မမြင်ရတာနဲ့ပဲ သူဟာ နာကျင်ခံစားခဲ့ရတာမျိုး မရှိဘူးဆိုပြီး ယူဆလို့မရပါဘူး။ သူရုန်းကန် နေရတာတွေနဲ့ပတ်သက်ပြီး  ဘယ်သူကမှ နားလည်သိရှိဖို့ မဖြစ်နိုင်ပါဘူး”ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

 

ပူတင်သည် ရုရှားနိုင်ငံတွင် ဆယ်စုနှစ် နှစ်စုအတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည့် မတ် ၂၂ ရက်ကဖြစ်ပွားခဲ့ သည့် ဂီတခန်းမတိုက်ခိုက်မှုတွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူဆွေမျိုးများထံ သွား ရောက်ရန် အစီအစဉ်နှင့်ပတ်သက်ပြီး ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

လုံခြုံရေးအေဂျင်စီများသည် ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် တာဝန်ရှိသူများကို  အာရုံစိုက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းနှင့် တာဂျစ်ကစ္စတန်နိုင်ငံသားဖြစ်သည့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် သေနတ်သမားလေး ဦးအပါအဝင် ဒါဇင်နှင့်ချီသည့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အိုင်အက်စ်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ထပ်တလဲလဲပြောကြားခဲ့ပြီး အိုင်အက်စ်နှင့် ဆက်နွှယ်သည့် မီဒီယာချန်နယ်များကလည်း သေနတ်သမားများ ဂီတခန်းမအတွင်းသို့ ဝင် ရောက်သည့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့သည်။

ပူတင်ကမူ အစ္စလာမ်မစ်အစွန်းရောက်များက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်းဝန်ခံခဲ့သော်လည်း ထိုတိုက်ခိုက်မှုတွင် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းလည်း ပါဝင်ပတ်သက်နေသည်ဟု သက်သေ အထောက်အထားမပါဘဲ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကမူ ထိုတိုက်ခိုက်မှုတွင် ယူကရိန်းနိုင်ငံ ပါဝင်ပတ်သက်ခဲ့သည့် ကနဦးလက္ခဏာများ မတွေ့ရ ကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်အထိတော့ ဒီတိုက်ခိုက်မှုမှာ ယူကရိန်းနိုင်ငံ ဒါမှမဟုတ် ယူကရိန်းနိုင်ငံသားတွေ ပါဝင်တယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရသေးပါဘူး”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။                                 Ref:AFP

Most Read

Most Recent