ဂါဇာကမ်းမြောင်တွင် ဖြစ်ပွားနေသော အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အစ္စရေး၏ စီးပွားရေး တိုးတက်မှုလမ်းကြောင်း ရပ်သွားသည်ဟု ဗဟိုစာရင်းအင်းဗျူရိုက ထုတ်ပြန်

ဂါဇာကမ်းမြောင်တွင် ဖြစ်ပွားနေသော အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် အစ္စရေး၏ စီးပွားရေး တိုးတက်မှုလမ်းကြောင်း ရပ်သွားသည်ဟု ဗဟိုစာရင်းအင်းဗျူရိုက ထုတ်ပြန်
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမြို့ ဂါဇီယက်၌ ပျက်စီးမှုများဖြစ်ပေါ်နေပုံကို ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမြို့ ဂါဇီယက်၌ ပျက်စီးမှုများဖြစ်ပေါ်နေပုံကို ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 20 February 2024

ဂါဇာရှိ ဟားမာ့စ်စစ်သွေးကြွအဖွဲ့နှင့်အစ္စရေးတို့ စစ်ဖြစ်နေချိန် ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် အစ္စရေးနိုင်ငံသားများ သိသိသာသာလျှော့ချလိုက်သော သုံးစွဲမှု၊ ခရီးသွားလာမှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့က စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေသည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သော အချက် အလက်များ၌ ဖော်ပြထားသည်။

စစ်ပွဲသည် စီးပွားရေးတိုးတက်မှုလမ်းကြောင်းကို ရပ်သွားစေခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့် အရန်တပ်သား အများအပြား ဆင့်ခေါ်မှုကြောင့်လည်းကောင်း၊ ဟားမာ့စ်နှင့်ဟစ်ဇဘိုလာတို့ကဒုံးကျည်များဖြင့် အ ဆက်မပြတ်ပစ်ခတ်နေခြင်းကြောင့် ဂါဇာနှင့်လက်ဘနွန်အနီးရှိ နယ်စပ်မြို့များမှ ရှောင်ပြေးလာသူ ထောင်ပေါင်းများစွာကြောင့်လည်းကောင်း စီးပွားရေးတိုးတက်မှုလမ်းကြောင်း ရပ်သွားခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

အမေရိကန်ဒေါ်လာဘီလျံ ၅၀၀ ရှိသော အစ္စရေး စီးပွားရေးသည်အစောပိုင်းသုံး လတာကာလနှင့်ယှဉ်လိုက်ပါက စတုတ္ထမြောက်သုံးလပတ်တွင် နှစ်အလိုက် ၁၉ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်ဟု ဂျီဒီပီ ကနဦး ခန့်မှန်းချက်တွင် ဗဟိုစာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးသည် အပေါင်းလက္ခဏာပြသော တိုးတက်မှုဖြင့် အဆုံးသတ်ခဲ့သည်ဟု ဆိုသည်။

“၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်မှာ စီးပွားရေးကျုံ့သွားတာဟာ အောက်တိုဘာ ၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ Iron Swords War ရဲ့ တိုက်ရိုက်သက်ရောက်မှုကြောင့် ဖြစ်ပါတယ်”ဟု စာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ချိန်အထိ ၂၀၂၃ ခုနှစ်တွင် အစ္စရေးစီးပွားရေးသည် တိုးတက်မှု ၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည့် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ သည်ဟု ဆိုသည်။ အောက်တိုဘာလသည် အစ္စရေးပြည်သူအများစုအတွက် အလွန် ခက်ခဲခဲ့သောလဖြစ်ခဲ့သည်။ ထိုလတွင် အသိမိတ်ဆွေများ သေဆုံးခြင်း သို့မဟုတ် ပြန် ပေးဆွဲခံရခြင်းတို့ဖြစ်ပွားခဲ့ရာ အစ္စရေးပြည်သူများစျေးဝယ်ထွက်လိုစိတ်မရှိသလို ရုပ်ရှင်ကြည့်ချင်စိတ်နှင့်အခြားဖျော်ဖြေရေးပွဲများ ကြည့်ချင်စိတ်တို့မရှိခဲ့ဟု ဆိုသည်။ 

စစ်ပွဲကြာမြင့်ချိန်ကို မူတည်ပြီး စစ်ပွဲက အခြားသော မျက်နှာစာများအထိ ကျယ်ပြန့်လာသည်ဖြစ်ပါစေ အစ္စရေးစီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် နှစ်ရာခိုင်နှုန်းခန့်အထိ မြင့် တက်လာမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်နည်းပညာကဏ္ဍ ဦးဆောင်လျက် အစ္စရေး၏စီးပွားရေးသည် အခြေခံအားဖြင့် ကောင်းမွန်ခြင်းနှင့် ယခင်ပဋိပက္ခများအပြီးတွင် အစ္စရေးစီးပွားရေး ဒဏ်ခံနိုင်မှုရှိကြောင်း သက်သေပြထားသည့် အနေအထားတို့ ကြောင့် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးသည် သိသိသာသာ ပြန်ကောင်းလာမည်ဟု ဗဟိုဘဏ်ကလည်းကောင်း၊ အခြားသော အဖွဲ့ အစည်းများကလည်းကောင်း ခန့်မှန်းထားသည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ဖြစ်ပွားသော စစ်ပွဲ၌ အစ္စရေးက ဂါဇာကိုတရစပ်ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် စစ်အသုံးစရိတ်များ သိသိသာသာမြင့်တက်လာသည်ဟုဆိုသည်။ အစ္စရေး၏ စစ်ဆင်ရေးကြောင့် ဂါဇာတွင် သေဆုံးသူစုစုပေါင်း ၂၉,၂၉၅ ဦးရှိလာပြီဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။                  

Ref: AFP

Most Read

Most Recent