၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) တွင်ပြုလုပ်

၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) တွင်ပြုလုပ်
Published 18 February 2024

၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁) တွင် ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က လျှပ်စစ်ဘောလုံးနှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နတ်မင်းကြီး လေးပါးက နှစ်သစ်ကူးအထိမ်းအမှတ် ရွှေနဂါးရုပ် ဂါရဝပြုပေးအပ်ခဲ့ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် အခမ်းအနားသို့ ကြွရောက်လာသူ ဧည့်သည်တော်များကို တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် ပုဝါများဖြင့် ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဧည့်သည်တော်များကို တရုတ်ရိုးရာ ဖျော်ဖြေရေးအဖွဲ့များ၊ ဘင်ခရာတီးဝိုင်းများက ကပြဖျော်ဖြေခဲ့ကာ အဖွဲ့လိုက်အန်ပေါင်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကြွရောက်လာသူများသည် China Town တရုတ်ရိုးရာယဉ်ကျေးမှုနှင့် အစားအသောက်ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်း၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် လက်ရွေးစင်များနှင့် တရုတ်သံတမန်များ၏ ချစ်ကြည်ရေးစားပွဲတင် တင်းနစ်ကစားပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ထိန်ချုံးအမျိုးသားယဉ်ကျေးမှုအဖွဲ့၏ ဗုံအက၊  ချုံချင့်ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့၏ တေးသီချင်း၊ တယ်ဟုန်စာပေနှင့် အနုပညာယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများ မြန်မာနိုင်ငံမှ တေးသံရှင်များနှင့် မြဝတီယဉ်ကျေးမှုအဖွဲ့၏ သီဆိုဖျော်ဖြေမှုများဖြင့် အခမ်းအနား ညပိုင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent