ရုရှားနိုင်ငံ၏ အထင်ကရ အတိုက်အခံခေါင်းဆောင် နာဗာညီ သေဆုံးမှု၌ ပူတင်နှင့် အပေါင်းပါများတွင် တာဝန်ရှိကြောင်း ဘိုင်ဒင် ပြောကြား

ရုရှားနိုင်ငံ၏ အထင်ကရ အတိုက်အခံခေါင်းဆောင် နာဗာညီ သေဆုံးမှု၌ ပူတင်နှင့် အပေါင်းပါများတွင် တာဝန်ရှိကြောင်း ဘိုင်ဒင် ပြောကြား
ဖေဖော်ဝါရီ ၁၆ ရက်က အိမ်ဖြူတော်တွင် ရုရှားအတိုက်အခံခေါင်းဆောင် နာဗာညီသေဆုံးမှုနှင့်ပတ်သက်ပြီး အမှာစကားပြောကြားနေသည့် အမေရိကန်သမ္မတ ဘိုင်ဒင်ကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၆ ရက်က အိမ်ဖြူတော်တွင် ရုရှားအတိုက်အခံခေါင်းဆောင် နာဗာညီသေဆုံးမှုနှင့်ပတ်သက်ပြီး အမှာစကားပြောကြားနေသည့် အမေရိကန်သမ္မတ ဘိုင်ဒင်ကို တွေ့ရစဉ်
Published 17 February 2024

ရုရှားနိုင်ငံတွင် လူသိများထင်ရှားသည့် အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီသေဆုံးမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏အပေါင်းပါများတွင် တာဝန်ရှိသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

နာဗာညီသည် အာတိတ်ဒေသရှိ အကျဉ်းထောင်ထဲတွင် ဖေဖော်ဝါရီ ၁၆ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးရသည့် အကြောင်းရင်းအတိအကျကို မသိရသော်လည်း ပူတင်နှင့် အပေါင်းပါများ၏ အမှားဖြစ်သည်ဟု ဘိုင်ဒင်က အပြစ်တင်ခဲ့သည်။

“နာဗာညီ သေဆုံးမှုအတွက် ပူတင်မှာ တာဝန်ရှိတာ အမှန်ပါပဲ” ဟု ဘိုင်ဒင်က အိမ် ဖြူတော်မှ ထုတ်လွှင့်သည့် ရုပ်သံမှတ်ချက် တွင် ပြောကြားခဲ့သည်။

ယူကရိန်းကို ကျူးကျော်မှု၊ ပြိုင်ဘက်များ   အပေါ် ပြုမူဆက်ဆံမှုများနှင့်ပတ်သက်ပြီး ပူတင်ကို အာဏာရှင်ဟု တံဆိပ်ကပ်ခဲ့သည့် ဘိုင်ဒင်က သူ့အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ရ မည်ဆိုခြင်းကို ရွေးချယ်စရာများကို စဉ်းစား နေကြောင်း ပြောကြားခဲ့သော်လည်း အသေး စိတ် ဖော်ပြခဲ့ခြင်းမရှိပေ။

၂၀၂၁ ခုနှစ်က ဘိုင်ဒင်သည် ဆွစ်ဇာ လန်တွင် ပူတင် နှင့်တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နာဗာညီသေဆုံး ခဲ့မည်ဆို ပါက မည်သည့်အရာများ ဆက်ဖြစ်လိမ့်မည် ဆိုခြင်းကို မေးမြန်းခံရချိန်က ရုရှား အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရ လိမ့်မည်ဟု ပူတင်ကို ပြောခဲ့ကြောင်း ဘိုင်ဒင် က ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ဘိုင်ဒင်က နာဗာညီ၏ စွမ်းဆောင်မှုများကို ချီးကျူးဂုဏ် ပြုခဲ့ပြီး နာဗာညီ၏ ဇနီးနှင့် ကလေးများကို ဝမ်းနည်းကြောင်း ပေးပို့ခဲ့သည်။

နာဗာညီသည် ပြည်ပြေးဘဝဖြင့် အဆိပ် ခတ်ခံခဲ့ရပြီးနောက် သူ့အတွက် အန္တရာယ် များရှိနေသည်ကို သိရှိထားသည့်တိုင် ရုရှား သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း ဘိုင်ဒင်က ပြောသည်။

နာဗာညီသည် အကျဉ်းထောင်ထဲတွင် ရှိနေသည့်တိုင် အမှန်တရားအတွက် အင် အားကောင်းမွန်သည့် အသံတစ်ခုဖြစ်ခဲ့ ကြောင်း ဘိုင်ဒင်က ပြောသည်။

ရုရှားတွင် သမ္မတရွေးကောက်ပွဲမကျင်း ပမီ တစ်လအတိုင်တွင် နာဗာညီသည် သေ ဆုံးခဲ့ခြင်းဖြစ်သည်။

နာဗာညီ၏ သေဆုံးမှုသည် အမေရိကန် အောက်လွှတ်တော်တွင် ပိတ်ဆို့ခံထားရသည့် ဒေါ်လာဘီလျံချီသည့် ယူကရိန်းအား အကူ အညီပေးရေး အစီအစဉ်ကို အတည်ပြုရန် လိုအပ်ကြောင်း ပြသရာရောက်နေသည်ဟု လည်း ဘိုင်ဒင်က ပြောသည်။

ဘိုင်ဒင်အပြင် ရုရှားအစိုးရအတိုက်အခံ များနှင့် အနောက်နိုင်ငံများမှ ခေါင်းဆောင် များကလည်း အသက် ၄၇ နှစ်အရွယ် နာဗာ ညီသေဆုံးမှုအတွက် ပူတင်နှင့် ၎င်းင်း၏ အစိုးရ အဖွဲ့အပေါ် အပြစ်တင်ခဲ့ကြသည်။

“အလက်ဇီ နာဗာညီဟာ သုံးနှစ်လောက်  ညှင်းပန်းနှိပ်စက်ခံခဲ့ရပါတယ်” ဟု ရုရှား၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမီထရီ မူရာ တော့ဗ်က ပြောကြားခဲ့ကြောင်း Novaya gazeta သတင်းစာက ဖော်ပြခဲ့သည်။နာဗာညီ၏ဇရီး ယူလီယာကလည်း ပူတင်ကို အပြစ် တင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်က ယူရယ်တောင် တန်းဒေသသို့ သွားရောက်ခဲ့သည့် ရုရှားသမ္မ တ ပူတင်ကမူ နာဗာညီသေဆုံးမှုနှင့်ပတ် သက်ပြီး မည်သည့်မှတ်ချက်စကားမှ ပြော ကြားခဲ့ခြင်းမရှိပေ။                           Ref: AFP

 

Most Read

Most Recent