ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: CFC
Photo: CFC
Published 12 February 2024

ပဲလေ့စ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ပဲလေ့စ်အသင်းက အသင်းနည်းပြ ရာထူးက ထုတ်ပယ်ခံရဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ အသင်းနည်းပြ ရာထူးက ထုတ်ပယ်ခံရဖို့ ဒုတိယနေရာက ရေပန်းစားနေတဲ့အသင်းဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကလည်း အားရစရာမရှိဘူး။ လန်ဒန်ကလပ်အသင်းနှစ်သင်းရဲ့ပွဲဖြစ်ပြီး ချယ်လ်ဆီးရဲ့လက်ရှိခြေစွမ်းနဲ့ သရေလောက်ပဲ ရပါလိမ့်မယ်။ 

ဂျူဗင်တပ်စ် နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်က နောက်ဆုံးပွဲမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့လို့ ချန်ပီယံဆုအတွက် ရုန်းကန်ရတော့မယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ရဲ့ လက်ရှိအနေအထားအရ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ အူဒီးနီးစ်က သာမန်ထက်မပိုတဲ့အသင်းဖြစ်ပြီး ဒီရာသီအဝေးကွင်းနိုင်ပွဲ (၁)ပွဲပဲ ရသေးတယ်။ ဂျူဗင်တပ်စ်အသင်း အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ ပေါက်ကွဲဖို့ကြိုးစားလိမ့်မယ်။

အယ်မယ်ရီယာ နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ကြားရက်စပိန်ဘုရင့်ဖလားမှာ အက်သလက်တီကိုနဲ့အဝေးကွင်းပွဲနွှဲပြီး အယ်မယ်ရီယာကိုလည်း အဝေးကွင်းမှာပဲ ဆက်ရင်ဆိုင်ရမှာဆိုတော့ ဘီလ်ဘာအိုပွဲပန်းနေနိုင်တယ်။ အယ်မယ်ရီယာရဲ့ မထူးဇာတ်ခင်းကစားပုံကြောင့် သရေပွဲဖြစ်ဖို့များပါတယ်။

Most Read

Most Recent