ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ် အာနိုးလ် မှတ်တမ်းဝင်ခဲ့ပြီး ကစားသမားအားလုံးထဲတွင် အဆင့်(၂၆)နေရာ ရပ်တည်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ် အာနိုးလ် မှတ်တမ်းဝင်ခဲ့ပြီး ကစားသမားအားလုံးထဲတွင် အဆင့်(၂၆)နေရာ ရပ်တည်
Photo : Getty Images
Photo : Getty Images
Published 12 February 2024

လီဗာပူးလ်အသင်း၏နောက်ခံလူ အာနိုးလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာနိုးလ်သည် ဘန်လေအသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂျိုတာ သွင်းယူသော အဖွင့်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ဖန်တီးပေးခဲ့သည်။

အဆိုပါ ဖန်တီးမှုမှာ ၎င်းအတွက် ပရီးမီးယားလိဂ်တွင် (၅၈)ကြိမ်မြောက် ဂိုးဖန်တီးမှုဖြစ်သောကြောင့် လီဗာပူးလ်အသင်းဖော် ရောဘတ်ဆန်၏ (၅၇)ကြိမ်ကို ကျော်ဖြတ်ကာ ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အာနိုးလ်သည် နေရာစုံမှ ကစားသမား အားလုံးထဲတွင်မူ အဆင့်(၂၆)နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားသူမှာ မန်ယူတောင်ပံ ကစားသမားဟောင်း ရိုင်ယန်ဂစ်ဖြစ် ပြီး ဂိုးဖန်တီးမှု (၁၆၂)ကြိမ် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ဒုတိယနေရာတွင် အာဆင်နယ်နှင့် ချယ်လ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်က (၁၁၁)ကြိမ်ဖြင့် ရပ်တည်နေပြီး မန်စီးတီးကစားသမား ဒီဘရိုင်းနားက (၁၀၅)ကြိမ်ဖြင့် တတိ ယနေရာ၌ ရှိနေသည်။ အာနိုးလ်သည် အဆင့်(၂၆)၌ ပီတာခရော့ချ်၊ ဟက်ဆယ်ဘိန့်၊ ဆွန်ဟောင်မင်တို့နှင့် ပူးတွဲ ရပ်တည်နေခြင်းဖြစ်သည်။

Most Read

Most Recent