ဟာရီကိန်းကို ပြီးပြည့်စုံသည့် တိုက်စစ်မှူးတစ်ဦးဟု အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ချီးကျူး

ဟာရီကိန်းကို ပြီးပြည့်စုံသည့် တိုက်စစ်မှူးတစ်ဦးဟု အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ချီးကျူး
Photos: AFP & X
Photos: AFP & X
Published 6 March 2024

 

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် ပြီးပြည့်စုံသော တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း ပြင်သစ်နှင့် အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

ဟာရီကိန်းသည် ပြီးခဲ့သည့်နွေရာသီက ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ကာ ဂျာမန်မြေတွင်လည်း သူ၏ဂိုးသွင်းခြေစွမ်းကိုလည်း ဆက်ထိန်းထားနိုင်ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားရာတွင် ၃၃ ဂိုးအထိ သွင်းယူပေးထားသည်။  

ဟာရီကိန်းသည် မနေ့ကလာဇီယိုအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို ကွာတားဖိုင်နယ်တက်ရောက်ရန်အတွက် အရေးပါသည့်သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့ပြင် အွန်နရီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ခြေစွမ်းပြနေသည့် အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်ကိုလည်း ချီးကျူးစကား ဆိုခဲ့သည်။ 

အသက် ၂၀ နှစ်အရွယ်သာရှိသေးသူ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီကာလတွင် ဒေါ့မွန်မှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် ရောက် ရှိခဲ့ပြီး လက်ရှိတွင် လာလီဂါသွင်းဂိုး ၁၆ ဂိုး ဖြင့် ဂိုးအများဆုံးစာရင်း၌ ဦးဆောင်လျက်ရှိသည်။

Most Read

Most Recent