အဲလ်ဗတ်စ် သေကြောင်းကြံသည်ဟု သတင်းထွက်

အဲလ်ဗတ်စ် သေကြောင်းကြံသည်ဟု သတင်းထွက်
Photo: X
Photo: X
Published 11 March 2024

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟောင်း ဒန်နီအဲလ်ဗတ်စ်သည် အကျဉ်းထောင်အတွင်း သေကြောင်းကြံခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူ နေးအဲလ်ဗတ်စ်က သတင်းအမှားသာဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းခဲ့သည်။

ဒန်နီအဲလ်ဗတ်စ်(၄၀ နှစ်)သည် မုဒိမ်းမှုကြောင့် ဘာစီလိုနာမြို့မှ အကျဉ်းထောင်တွင် ထောင်ဒဏ်(၄)နှစ်ခွဲ ချမှတ်ခံထားရသည်။

ပြီးခဲ့သည့် စနေနေ့တွင် ဘရာဇီးလ်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးက ၎င်း၏လူမှုကွန်ရက်၌ '' ဘောလုံး၊ ဘီယာနှင့် မိန်းမလှများကိုချစ်သော ဒန်နီအဲလ်ဗတ်စ်သည် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီဟု သတင်းရရှိကြောင်း'' ရေးသားခဲ့သည်။

အဆိုပါရေးသားမှုကို ၎င်း၏ ပရိသတ်များစွာက ပြန်လည်ဖြန့်ဝေခဲ့သည့်အတွက် နေးအဲလ်ဗတ်စ်က ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

''ကျွန်တော့်ညီ သေတာကို မြင်ချင်နေကြတဲ့ လူတွေရဲ့အပြုအမူက ရက်စက်လွန်းရာကျပါတယ်။ သူ ပြစ်ဒဏ်ကျခံနေရတာ မလုံလောက်သေးဘူးလား''ဟု ဆိုခဲ့သည်။

ဒန်နီအဲလ်ဗတ်စ်၏ အကြံပေးအဖြစ် ဆောင်ရွက်နေသည့် ဖယ်လီဂျာက သတင်းအမှားကို ပထမဆုံးဖြန့်ဝေခဲ့သူအား ဥပဒေကြောင်းအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent