နည်းပြ အင်ဇာဂီ၏အနာဂတ်နှင့် အသင်း၏အပြောင်းအရွှေ့စျေးကွက်လှုပ်ရှားမှုများကို အကောင်းဆုံးကိုင်တွယ်သွားမည်ဖြစ်ကြောင်း အင်တာမီလန်ဒါရိုက်တာ မာရော့တာ ဆို

နည်းပြ အင်ဇာဂီ၏အနာဂတ်နှင့် အသင်း၏အပြောင်းအရွှေ့စျေးကွက်လှုပ်ရှားမှုများကို အကောင်းဆုံးကိုင်တွယ်သွားမည်ဖြစ်ကြောင်း အင်တာမီလန်ဒါရိုက်တာ မာရော့တာ ဆို
Photo: beIN SPORTS
Photo: beIN SPORTS
Published 29 April 2024

၂၀၂၃-၂၄ ရာသီ အီတလီစီးရီးအေချန်ပီယံ အင်တာမီလန်အသင်း၏ ဒါရိုက်တာဖြစ်သူ ဘတ်ပီမာရော့တာက အသင်း၏နည်းပြဖြစ်သူ ဆီမြွန်နီအင်ဇာဂီ၏အနာဂတ်နှင့် လာမည့် ၂၀၂၄ နွေစျေးကွက်အတွင်း အသင်း၏ အပြောင်းအရွှေ့လှုပ်ရှားမှုများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် နည်ပြဆီမြွန်နီအင်ဇာဂီလက်အောက်တွင် အီတလီပြည်တွင်းသာမက ဥရောပအဆင့်တွင်ပါ အကောင်းဆုံးစွမ်းဆောင်ရည်များကိုပြသနိုင်ခဲ့ပြီး ပြည်တွင်းဆုဖလားများစွာလည်း ဆွတ်ခူးနိုင်ခဲ့သည်။

အသက် (၄၈)နှစ်အရွယ်ရှိ အင်ဇာဂီသည် အင်တာမီလန်အသင်းအား (၃)ရာသီကိုင်တွယ်ရာတွင် စီးရီးအေချန်ပီယံဆုတစ်ကြိမ်အပါဝင် ပြည်တွင်းဆုဖလား (၆)လုံးရယူနိုင်ခဲ့သလို ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အင်တာမီလန်အသင်း၏ အနာဂတ်နှင့်ပတ်သက်ပြီး မာရော့တာက ''စီးရီးအေချန်ပီယံဖြစ်ခဲ့တာက အလွန်ကျေနပ်စရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ လက်ရှိမှာတော့ ကျွန်တော်တို့အနေနဲ့ အသင်းကိုအကောင်းဆုံး အားဖြည့်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို စိန်ခေါ်နိုင်အောင် တည်ဆောက်သွားမှာပါ''ဟု ဗြိတိန်မီဒီယာ DAZN သို့ ဖြေကြားခဲ့သည်။

ထို့ပြင် နည်းပြ အင်ဇာဂီနှင့်ပတ်သက်ပြီး မာရော့တာက  ''သူ (အင်ဇာဂီ) က အပြုသဘောဆောင်တဲ့နည်းပြတစ်ဦးဖြစ်ပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်နေသူပါ။ ကျွန်တော်တို့အနေနဲ့  အနာဂတ်မှာလည်း အင်ဇာဂီနဲ့ ပူးပေါင်းလက်တွဲ သွားဖို့ ဆန္ဒရှိနေပြီး အဲဒီအတွက်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ'' ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent