ဆူဒန်တွင် အကူအညီမရရှိဘဲ သောင်းနှင့်ချီသောကလေးငယ်များ သေဆုံးနေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ဆူဒန်တွင် အကူအညီမရရှိဘဲ သောင်းနှင့်ချီသောကလေးငယ်များ သေဆုံးနေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဒီဇင်ဘာ ၇ ရက်က ချဒ်နိုင်ငံ အေဒရီမြို့ရှိ ဆူဒန်ဒုက္ခသည်များနေထိုင်သော Ourang ဒုက္ခသည်စခန်းကို တွေ့ရစဉ်(Photo: Reuters)
ဒီဇင်ဘာ ၇ ရက်က ချဒ်နိုင်ငံ အေဒရီမြို့ရှိ ဆူဒန်ဒုက္ခသည်များနေထိုင်သော Ourang ဒုက္ခသည်စခန်းကို တွေ့ရစဉ်(Photo: Reuters)
Published 10 February 2024

ဆူဒန်နိုင်ငံတွင် စစ်ပွဲကြောင့် ကလေးပေါင်း ၇၀၀,၀၀၀ သည် ယခုနှစ်အတွင်း ဆိုးရွားစွာ အာဟာရချို့တဲ့နိုုင်ခြေရှိသည်ဟု ကုလသမဂ္ဂက ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားခဲ့ပြီး ကူညီထောက်ပံ့မှုများ သိသိသာသာတိုးမြှင့်ပေးခြင်းမရှိလျှင် သောင်းနှင့်ချီသော ကလေးငယ်များသေဆုံးနိုင်သည်ဟုသတိ ပေးခဲ့သည်။

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF က ကမ္ဘာ့နိုင်ငံများအနေဖြင့် ဆူဒန်တွင်၁၀ လကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို ရပ်တန့်ပေးရန် တိုက်တွန်းခဲ့သည်။

“လွန်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ရဲ့အကျိုးဆက်ဆိုတာကတော့ ကလေးပေါင်းခုနစ်သိန်းကျော်ဟာ အခုနှစ်အတွင်းအာဟာရချို့တဲ့မှုရဲ့ သေဆုံးနိုင်ဖွယ်ရှိတဲ့ပုံစံကို ခံစားရဖွယ်ရှိနေပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်အယ် ဒါက ပြောကြားခဲ့သည်။

“ပိုမိုကောင်းမွန်တဲ့ ဝင်ရောက်ခွင့်အပြင် နောက်ထပ် ကူညီထောက်ပံ့မှုတွေမရှိဘဲနဲ့ ကလေး ၃၀၀,၀၀၀ လောက်ကိုကျွန်တော်တို့တွေ ကုသပေးနိုင်မှာမဟုတ်ပါဘူး”ဟု၎င်းက ဆူဒန်မှ ဂျနီဗာသို့ ပြန်လည်ရောက်ရှိချိန် တွင် သတင်းထောက်များကို ပြောပြခဲ့သည်။

“ကလေးပေါင်းသောင်းချီအနေနဲ့သေ ဆုံးနိုင်ဖွယ်ရှိနေပါတယ်”ဟုအယ်ဒါက ဆိုသည်။

လွန်ခဲ့သည့်နှစ် ဧပြီလတွင် ဆူဒန်၏စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့ Rapid Support Forces မှ မိုဟာမက်ဟမ်ဒန်ဒါဂလိုကြားဖြစ်ပွားသည့်စစ်ပွဲကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယင်းသေဆုံးသူများတွင် အနောက်ဒါဖာဒေသရှိမြို့တစ်မြို့တည်း၌ သေဆုံးသူ ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိအပါအဝင်ဖြစ်သည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများကဆိုသည်။

ယင်းပဋိပက္ခသည် လူသားချင်းစာနာထောက်ထားမှုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည်။

လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သော လူ ၂၅ သန်းဝန်းကျင်သည် အကူအညီလိုအပ်လျက်ရှိကာ လူ ၁၈ သန်းဝန်းကျင်သည်ဆိုးရွားသော အစားအစာပြတ်လပ်မှုများနှင့်ရင် ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။

အာဟာရချို့တဲ့မှုများအပြင် ကာလဝမ်းရောဂါ၊ ဝက်သက်နှင့်ငှက်ဖျားရောဂါများကူးစက်ပျံ့နှံ့မှုကြောင့် ကလေးများ သေဆုံးနေကြသည်ဟုဆိုသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကဒါ ဖာဒေသရှိရွှေ့ပြောင်းနေထိုင်သူများအတွက် ဇမ်ဇမ်စခန်းတွင် နှစ်နာရီတိုင်း ကလေးတစ်ဦးခန့်သေဆုံးနေသည်ဟု ပြောကြားခဲ့သည်။

စစ်ပွဲသည် ကမ္ဘာ့အကြီးဆုံး ရွှေ့ပြောင်းနေထိုင်မှုအကျပ်အတည်းများမှ တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ လူရှစ်သန်းနီးပါးသည် ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး ၎င်းတို့ထဲမှ ထက်ဝက်သည် ကလေး များဖြစ်သည်ဟုဆိုသည်။

ရက်ပေါင်း ၃၀၀ အတွင်း ကလေးများသည် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ တိုက်ပွဲတွင် ပါဝင်ရန်တပ်သားသစ်စုဆောင်းခံရမှုများနှင့် ကြုံတွေ့နေရသည်။

ကုလသမဂ္ဂက ဆူဒန်နိုင်ငံအတွင်းရှိအရပ်သားများနှင့် ပြည်ပသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြသူများကို ကူညီရန်အတွက်ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၄ ဒသမ ၁ ဘီလျံအကူအညီတောင်းခံခဲ့သည်။

၎င်းတို့ထဲတွင် UNICEF က ခုခံအားအ နည်းဆုံးကလေး ၇ ဒသမ ၆ ဘီလျံကိုကူညီရန်အတွက် ဒေါ်လာ သန်း ၈၄၀ တောင်းဆိုခဲ့သည်။လွန်ခဲ့သည့်နှစ်က အေဂျင်စီ၏တောင်းခံမှုမှ လေးပုံသုံးပုံသည် ရန်ပုံငွေရရှိ ခြင်းမရှိဟုအယ်ဒါကပြောကြားခဲ့ပြီး အလှူရှင်များကို ပိုမိုလှူဒါန်းပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။                                    Ref: AFP

Most Read

Most Recent