ထိုင်ဝမ်နှင့်ပတ်သက်သည့် အမေရိကန်၏ မှတ်ချက်စကားများသည် အန္တရာယ်များကြောင်း တရုတ် ပြောကြား

ထိုင်ဝမ်နှင့်ပတ်သက်သည့် အမေရိကန်၏ မှတ်ချက်စကားများသည် အန္တရာယ်များကြောင်း တရုတ် ပြောကြား
ဆန်ဒီယေဂိုမြို့ ပွိုင့်လိုမာရေတပ်စခန်း၌ သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ပြီးနောက် AUKUS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များဖြစ်သည့် သြစတြေးလျဝန်ကြီးချုပ် အန်သနီအယ်လ်ဘနိစ်၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက် (ဝဲ မှယာ) တို့ကို တွေ့ရစဉ်(Photo: Reuters)
ဆန်ဒီယေဂိုမြို့ ပွိုင့်လိုမာရေတပ်စခန်း၌ သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ပြီးနောက် AUKUS အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များဖြစ်သည့် သြစတြေးလျဝန်ကြီးချုပ် အန်သနီအယ်လ်ဘနိစ်၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက် (ဝဲ မှယာ) တို့ကို တွေ့ရစဉ်(Photo: Reuters)
Published 11 April 2024

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့အကြား ရေငုပ်သင်္ဘော ထုတ်လုပ်ရောင်းချရေး စီမံကိန်းသည် ထိုင်ဝမ်ကိုဆန့်ကျင်သည့် တရုတ်၏ မည်သည့်လှုပ်ရှားမှုကိုမဆို ဟန့်တားရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု  အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ်က ပြောကြားခဲ့ပြီးနောက် အဆိုပါမှတ်ချက်စကားများသည် အန္တရာယ်များကြောင်း တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“သူ့ရဲ့ မှတ်ချက်စကားတွေက အရမ်းအန္တရာယ်များပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ သြစတြေးလျအကြား သုံးပွင့်ဆိုင်လုံခြုံရေး မဟာမိတ်လို့ခေါ်တဲ့ အဖွဲ့ထူထောင်မှုဟာ အခြေခံအားဖြင့် သေးငယ်တဲ့ အသိုင်းအဝိုင်း တွေထဲမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ဒေသတွင်း စစ်ရေးထိပ်တိုက်တွေ့မှုကို ဆွပေးဖို့ဖြစ်ပါတယ်”ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖန်းလျန်က အပတ်စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် AUKUS အဖွဲ့အကြား မကြုံစဖူး ချိတ်ဆက်ပြောဆိုခဲ့သည့် ကမ့်ဘဲလ်က ရေငုပ်သင်္ဘော စွမ်းဆောင်ရည်အသစ်များသည် တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြားအပါအဝင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း ၀ါရှင်တန်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Centre for a News American Seurity  ကို ပြောကြားခဲ့သည်။

“ထိုင်ဝမ်အရေးကို ဝင်ရောက်စွက်ဖက်ဖို့ သက်ဆိုင်မှုရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အသုံးပြုမယ့် ဘယ်လိုကြိုးပမ်းမှုမျိုးမဆိုဟာ တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်တာ၊ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်ရှိစေတာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်” ဟု ကျူးက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဗြိတိန်၊ အမေရိကန်နှင့် သြစတြေးလျတို့ ဖွဲ့စည်းခဲ့သည့် AUKUS သည် အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ သြဇာကြီးထွားလာမှုကို တန်ပြန်ရန် ကြိုးပမ်းမှုတစ် စိတ်တစ်ဒေသဖြစ်သည်။

တရုတ်ကမူ AUKUS သဘောတူစာချုပ်သည် အန္တရာယ်များပြီး ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုကို ဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

AUKUS လုံခြုံရေးသဘောတူညီချက်မှတစ်ဆင့် အဆင့်မြင့်စီမံကိန်းများတွင် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေသည်ဟု ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့က ဧပြီ ၈ ရက်တွင် ပူးတွဲကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

AUKUS  သဘောတူညီချက်၏ ပထမဦးစားပေးကဏ္ဍမှာ သြစတြေးလျအား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ လွှဲပြောင်းပေးအပ်ရန်ဖြစ်သည်။ သို့သော် အဆိုပါသုံးနိုင်ငံ၏ ပူးတွဲထုတ်ပြန် ချက်၌ ဂျပန်ကို သဘောတူစာချုပ်ဝင်အဖြစ် အဆိုပြုထားခြင်းမရှိပေ။

သို့သော် ယင်းသဘောတူညီချက်၏ ဒုတိယကဏ္ဍသည် အဆင့်မြင့်စွမ်းရည်များကို တည်ဆောက်ရန်နှင့် ကွမ်တမ် ကွန်ပျူတာစနစ်၊ ဟိုက်ပါဆောနစ်၊ Óဏ်ရည်တုနှင့် ဆိုက်ဘာနည်းပညာ အပါအဝင် နယ်ပယ်အသီး သီး၌ နည်းပညာများမျှဝေရန် အဓိကရည်ရွယ်ကြောင်း သိရသည်။

Ref:Reuters

Most Read

Most Recent