ဆူဒန်တွင် ဆာလောင်ငတ်မွတ်မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း YFP သတိပေး

ဆူဒန်တွင် ဆာလောင်ငတ်မွတ်မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း YFP သတိပေး
မတ် ၂၉ ရက်က ဆူဒန်နိုင်ငံ ဂျီဒါရက်ဖ်မြို့ရှိ ဟူရီဒုက္ခသည်စခန်းတွင် အမျိုးသမီးများနှင့် ကလေးများက ရေဖြည့်ရန်စောင့်ဆိုင်းနေစဉ်(Photo: AFP)
မတ် ၂၉ ရက်က ဆူဒန်နိုင်ငံ ဂျီဒါရက်ဖ်မြို့ရှိ ဟူရီဒုက္ခသည်စခန်းတွင် အမျိုးသမီးများနှင့် ကလေးများက ရေဖြည့်ရန်စောင့်ဆိုင်းနေစဉ်(Photo: AFP)
Published 6 April 2024

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(YFP)က ၎င်းတို့သည် လပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ် စစ်မက်ဖြစ်ပွားနေသော ဆူဒန်နိုင်ငံဒါဖာဒေသတွင်းသို့ အလွန်အမင်းလိုအပ်နေသော ထောက်ပံ့ပစ္စည်းများကိုယူဆောင်လာခဲ့သော်လည်း ယင်းနေရာရှိဆာလောင်ငတ်မွတ်မှုအခြေအနေသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း ဧပြီ ၅ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့RSF ကြား လွန်ခဲ့သည့် ဧပြီလက စတင်ဖြစ်ပွားသည့် စစ်ပွဲကြောင့် လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး လူပေါင်းသန်းချီ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြ ကာ လူသားချင်းစာနာထောက်ထားမှုကပ် ဘေးတစ်ရပ်ကို ကြုံတွေ့လျက်ရှိသည်။

အလွန်အမင်း အစားအစာလုံလောက်မှု မရှိသောအခက်အခဲနှင့် ရင်ဆိုင်နေရသည့် လူ ၁၈ သန်းနီးပါးအပါအဝင် လူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် လူ ၂၅ သန်းနီးပါးသည် အကူအညီလိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

YFP ၏အကူအညီပေး ရေးယာဉ်တန်းနှစ်စီးသည် မတ်လကုန်ပိုင်းတွင် အိမ်နီးချင်း ချဒ်နိုင်ငံမှ အနောက်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဧပြီ ၅ ရက်တွင်ပြောကြားခဲ့ပြီး ယင်းအကူအညီပေးရေးယာဉ်တန်းများတွင် ဆိုးရွားသော ဆာလောင်ငတ်မွတ်မှုအခြေအနေကို ကြုံတွေ့နေရသည့် လူပေါင်း ၂၅၀,၀၀၀ ဝန်းကျင်အတွက် အစားအစာနှင့် အာဟာရထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်လာခဲ့သည်။

လက်ရှိတွင် အစားအစာဖြန့်ချိမှုသည် ဒါဖာအနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု YFP ၏ ဆူဒန်ပြောရေးဆိုခွင့်ရှိသူ လီနီကင့်ဇ်လီက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဆူဒန်စစ်တပ်၏ သစ္စာခံအာဏာပိုင်များက ဖေဖော်ဝါရီလတွင် ခွင့်ပြုချက်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ချဒ်နိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံများကို  ပြန်လည်ဖွင့်လှစ်ရန် ကာလကြာရှည်ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် ယင်းအကူအညီများသည် ဒါဖာသို့ ဝင်ရောက်လာသော ပထမဆုံးYFP နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးယာဉ်တန်းများဖြစ်လာခဲ့သည်။

“ဆူဒန်နိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ပွဲတစ်လျှောက်ကာလအတွင်း လူသားချင်းစာနာထောက်ထားမှု စင်္ကြံတွေကနေ အကူအညီတွေဆက်တိုက်မရတော့ဘူးဆိုရင် ဆူဒန်၏ဆာလောင်မှုကပ်ဘေးဟာ ပိုမိုဆိုးရွားလာမှာဖြစ်တဲ့အပေါ်အ လွန်စိုးရိမ်မိပါတယ်”ဟုကင့်ဇ်လီကဆိုသည်။

“ချဒ်နိုင်ငံကနေ လူသားချင်း စာနာထောက်ထားမှုစင်္ကြံကို ယာယီတားဆီးတာ၊ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာ၊ အကူအညီပေးရေးကုန်ပစ္စည်းတွေကို အချိန်ကြာ ရှည်ရှင်းလင်းရေးလုပ်နေတာ၊ ဗျူရိုကရေစီအတားအဆီးနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေဟာ ဆူဒန်နိုင်ငံမှာ လိုအပ်နေတဲ့ဆာလောင်နေတဲ့သူတွေကို လုံလုံလောက်လောက်လူသားချင်းစာနောထောက်ထားမှုအကူအညီ တွေပေးနိုင်မှာမဟုတ်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုအကူအညီဟာ အငတ်ဘေးကျရောက်မှုကိုကျယ်ကျယ်ပြန့်ပြန့် ကာကွယ်တားဆီးဖို့ အခွင့်အရေးတစ်ရပ်ဖြစ်နေမယ်ဆိုရင် ချဒ်နိုင်ငံက ဝင်ရောက်တဲ့လမ်းကြောင်းက အရေးပါပါတယ်” ဟု ကင့်ဇ်လီက ဆိုသည်။

မတ်လကုန်ပိုင်းတွင် ပင်လယ်နီရှိဆူဒန် ဆိပ်ကမ်းမှမြောက်ဒါဖာသို့ သီးခြားကုန်တင်ယာဉ်တန်းများ ရောက်ရှိလာခဲ့ပြီးယင်းသည် ခြောက်လအတွင်းပဋိပက္ခစည်းမျဉ်းများတစ်လျှောက်မှ သယ်ပို့လာသော ပထမဆုံးအကူ အညီပို့ဆောင်မှုဖြစ်သည်ဟု WFP က ဆိုသည်။ ဆူဒန်တွင် လူသားချင်းစာနာထောက် ထားမှုလိုအပ်ချက်သည် စံချိန်တင်မြင့်တက်လျက်ရှိသည်ဟု WHO ပြောရေးဆိုခွင့်ရှိသူ  မားဂရက်ဟားရစ်ကဆိုသည်။   

Ref: AFP

Most Read

Most Recent