မြန်မာနိုင်ငံသို့ပို့ဆောင်မည့် ဘတ်ငွေသန်း၈၀ ကို ထိုင်းရဲက မြန်မာ-ထိုင်း နယ်စပ်တွင် သိမ်းဆည်း

မြန်မာနိုင်ငံသို့ပို့ဆောင်မည့် ဘတ်ငွေသန်း၈၀ ကို ထိုင်းရဲက မြန်မာ-ထိုင်း နယ်စပ်တွင် သိမ်းဆည်း
Photo-Thai News Room,Khaosod
Photo-Thai News Room,Khaosod
Published 18 April 2024

ငွေလိမ်ဂိုဏ်းနှင့်ဆက်စပ်လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ကို ယူဆောင်လာသော ဘတ်ငွေသန်း ၈၀ ကို ထိုင်းဆိုက်ဘာရဲနှင့်နယ်စပ်လှည့်ကင်းရဲတပ်ဖွဲ့တို့က ဧပြီ ၁၇ ရက်တွင် တက်ခ်ပြည်နယ် မဲဆောက်ခရိုင်တွင် သိမ်းဆည်းခဲ့သည်ဟု TV Channel 7 က ဖော်ပြခဲ့သည်။

ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေးဌာန အကြီးအကဲ ဒုတိယရဲမှူးကြီး ဝိုရာဝတ်ဝပ်တနာကွန်းဘန်ချာ၏ ညွှန်ကြားချက်ဖြင့် ဆိုက်ဘာစုံစမ်းရေး အမှတ်သုံးဌာန၏ အကြီးအကဲ ဒုတိယရဲမှူး ဆာသစ်ပရွန်ဦထိုင်းနှင့် ၎င်း၏အဖွဲ့တို့သည် ပြည်သူများထံမှ လိမ်ထားသော များပြားလှသည့် ငွေများအား ယာယီအားဖြင့် သိမ်းဆည်းထားသော ငွေများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန် နယ်စပ်လှည့်ကင်း အဖွဲ့ခွဲ ၃၄ ၏ ဖရာချောက်တက်ခ်စခန်းကို ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာခဲ့သည်။

လိမ်လည်ထားသောငွေများကို အိမ်နီးချင်းမြန်မာနိုင်ငံသို့ ပို့ဆောင်နေသည်ဟု ဆိုက်ဘာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ပြီး ဆိုက်ဘာရဲတပ်ဖွဲ့သည် ၎င်းတို့ကို ဖမ်းဆီးရန် မဲဆောက်ခရိုင်၌ စစ်ဆေးမှုများ လုပ်ဆောင်ရန် သတင်းရခဲ့သည်ဟု ဆိုသည်။

မကြာမီ မီးခိုးရောင်ဆီဒင်ကားသည် မဲဆောက်၏ဒန်မဲလာမာအိုခရိုင်ခွဲရှိ ဟွိုင်းလာအူး စစ်ဆေးရေးဂိတ်ကို ရောက်လာခဲ့သည်ဟုဆိုသည်။ သံသယရှိသူနှစ်ဦးဖြစ်သော မစ္စတာဆူရတ်နှင့်မစ္စတာကာနာပွန်တို့သည် စုစုပေါင်း ဘတ်ငွေသန်း၈၀ ကို အဝတ်အိတ်ငါးအိပ်ဖြင့်ထည့်ကာ နယ်စပ်ကို သယ်ဆောင်လာခဲ့သည်။

အဆိုပါငွေများကို အယုတ္တယပြည်နယ်၏ ဘန်ပါအင်းခရိုင်မှ တက်ခ်ပြည်နယ်၏ မဲဆောက်ခရိုင်သို့ သယ်ယူပေးရန် ၎င်းတို့ကို ငှားရမ်းထားခြင်းဖြစ်သည်ဟု ၎င်းတို့က ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ မဲဆောက်ခရိုင်ကို ပို့ဆောင်ပြီးပါက အဆိုပါငွေများကို သဘာဝလမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ မြဝတီနယ်စပ်မြို့ကို ပို့ဆောင်ပေးရမည်ဟု ဆိုသည်။

Ref:Thai News Room

 

Most Read

Most Recent