အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
Published 10 February 2024

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက် ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအ နားကို ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန် သည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး    H.E Shri Vinay Kumar  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ Mr. Rajeev Rawal နှင့် အသင်းဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး လုပ်ငန်းကော်မတီ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ပ သို့ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရေးကုန် သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ်များဖြစ်သည့် ပန်ဂျပ်နေရှင်နယ်ဘဏ်၊ စီဘီ ဘဏ်နှင့် ယူအေဘီဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E Shri Vinay Kumar က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ် မှုတွင် ရူပီး၊ ကျပ် တိုက်ရိုက်ပေးချေမှုကို အ ကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံ အကြား သံတမန်လမ်းကြောင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်းကောင်း၊ အိန္ဒိယ နိုင်ငံ ဗဟိုဘဏ် (RBI) နှင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန် သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက် ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံနှင့် ဆဋ္ဌမမြောက်သွင်းကုန်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ် ကြောင်း၊ အာရှဗဟိုဘဏ် များ စာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) အဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ် ကြောင်း၊ “ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု၌ Special Rupee Vostro Account (SRVA)ကိုအသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များ ဆိုင်ရာ လမ်းညွှန်ချက် (Guideline) ”  ကို ထုတ် ပြန်ပြီးဖြစ်သည့်အတွက် ပေးချေမှုများ စတင် နိုင်ပြီဖြစ်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်း ပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင် မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ ကုန်သည်ကြီးများ အနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု အတွက် ရူပီးဖြင့် လိုင်စင်လျှောက်ထားပြီး ဘဏ်လမ်းကြောင်းမှတစ်ဆင့် တရားဝင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent