■ အဓမ္မပြုကျင့်ခံရကြောင်း စွပ်စွဲသူအနေဖြင့် ထွက်သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း ဒန်နီအဲလ်ဗတ်စ် ထွက်ဆို     

■ အဓမ္မပြုကျင့်ခံရကြောင်း စွပ်စွဲသူအနေဖြင့် ထွက်သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း ဒန်နီအဲလ်ဗတ်စ် ထွက်ဆို     
Photo: Reuters
Photo: Reuters
Published 9 February 2024

နိုက်ကလပ်တစ်ခုအတွင်း အ မျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဒန်နီအဲလ်ဗတ်စ်က စွပ်စွဲသူအနေဖြင့် ထွက် သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

    

အသက် (၄၀) ရှိပြီဖြစ်သည့် ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် PSG အသင်း ကစားသမားဟောင်းဖြစ်သူ ဒန်နီအဲလ်ဗတ်စ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃၁) ရက် နံနက်အစောပိုင်းတွင် ဘာစီလိုနာမြို့ရှိ နိုက်ကလပ်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲမှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၀) ရက်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ 

ယင်းအမှုကို (၃)ရက်ကြာ ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်ကပြုလုပ်သည့် နောက်ဆုံးနေ့ ကြားနာမှုတွင် အဲလ်ဗတ်စ် ကိုယ်တိုင်ထွက်ဆိုချက်ပေးခဲ့ရသည်။

    

၎င်း၏ရှေ့နေဖြစ်သူက စွပ်စွဲသူအမျိုးသမီးအား လိင်ဆက်ဆံမှုပြုလုပ်ရန် ဖိအားပေးခြင်းပြုလုပ်ခဲ့သလားဟု မေးမြန်းရာ "ထွက်သွားလို့ရ ပါတယ်။ သူ့အနေနဲ့ အဲဒီမှာရှိနေဖို့ တာဝန်မရှိပါဘူး။ သူက ဘယ်တုန်းကမှ ထွက်သွားဖို့ မတောင်းဆိုခဲ့ပါဘူး"ဟု ဖြေကြားသည်။ 

စွပ်စွဲသူအမျိုးသမီးကမူ ပြန်ထွက်သွားချင်သော်လည်း အဲလ်ဗတ်စ်က ခွင့်မပြုဘဲ ပါးရိုက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

Most Read

Most Recent