ချယ်လ်ဆီးအသင်းတွင် အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနှင့် ဂျက်ဆင်တို့အနေဖြင့် ယခုထက် ပိုမိုခြေစွမ်းပြနိုင်ရန်လိုကြောင်း ဆောင်းနက်စ် သတိပေး

ချယ်လ်ဆီးအသင်းတွင် အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနှင့် ဂျက်ဆင်တို့အနေဖြင့် ယခုထက် ပိုမိုခြေစွမ်းပြနိုင်ရန်လိုကြောင်း ဆောင်းနက်စ် သတိပေး
Published 28 March 2024

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွ့က်နေသည့် လီဗာပူးလ်ဂန္ထဝင်ဂရေ မီဆောင်းနက်စ်က ချယ်လ်ဆီးကစားသမားများဖြစ်သည့် ကိုင်စီဒို၊ အန်ဇိုဖာနန်ဒက်ဇ်နှင့် ဂျက်ဆင်တို့အနေဖြင့် ယခုထက် ပိုမိုခြေစွမ်းပြနိုင်ရန် လိုကြောင်း သတိပေးပြောကြားခဲ့သည်။

လက်ရှိချယ်လ်ဆီးအသင်းပိုင်ရှင်များဖြစ်သည့် တော့ဒ်ဘိုလီနှင့်အဖွဲ့ သည် ၂၀၂၂ တွင် ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက် ပေါင် (၁)ဘီလီယံကျော် အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူပေးခဲ့သည်။

သို့သော် နည်းပြ ပိုချက်တီနိုလက်ထက်တွင် ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရပြီး လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့သလို၊ ပရီးမီးယားလိဂ်တွင်လည်း ရမှတ် (၃၉) မှတ်ဖြင့် အဆင့် (၁၁) နေရာ၌ ရပ်တည်နေသည်။

ဆောင်းနက်စ်က အန်ဇိုဖာနန် ဒက်ဇ်၊ ကိုင်စီဒိုနှင့် ဂျက်ဆင်တို့ ယခုထက်ပိုတိုးတက်ခြင်းမရှိပါက ချယ်လ်ဆီးအနေဖြင့် ငွေကြေးများစွာထပ်မံအသုံးပြုရလိမ့်မည်ဟု သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

"ချယ်လ်ဆီးတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက လက်ရှိအသင်းအပေါ် မျှော်လင့်ချက်ထားနေကြပါတယ်။ အန်ဇိုနဲ့ ကိုင်စီဒိုတို့ကို ပေါင်သန်း (၁၀၀) ကျော်ပေးပြီး ခေါ်ယူထားပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းကို သူတို့ မပြနိုင်သေးပါဘူး။ သူတို့ အခုထက်ခြေစွမ်းပိုတိုးတက်ဖို့ လိုပါတယ်။ ဂျက်ဆင်လည်း အခုထက် ပိုတိုးတက်ဖို့ လိုပါတယ်။ ဒီရာသီဟာ သူတို့အတွက် အတွေ့အကြုံယူတဲ့ ရာသီဖြစ်တယ်ဆိုရင်တောင် သူတို့ အနေနဲ့ ထိပ်တန်းခြေစွမ်းပြနိုင်သင့်တာပါ"ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent